ရှားတောမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် စားနပ်ရိက္ခာ နဲ့ ဆေးဝါး ပြတ်လပ်နေ

ရှားတောမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် စားနပ်ရိက္ခာ နဲ့ ဆေးဝါး ပြတ်လပ်နေ

ကရင်နီပြည် ၊ ရှားတောမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် တောတောင်ထဲ စစ်ရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ ဆန်၊ ဆီ၊ ဆား စတဲ့ စားနပ်ရိက္ခာတွေ ပြတ်လပ်နေပြီး ဆေးဝါးလည်း လုံလောက်မရှိဘူးလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

မိုးရာသီကာလမှာ လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲလာပြီး စစ်ရှောင်စခန်းမှာ အလှူရှင်လှူဒါန်းမှုကလည်း နည်းပါးသွားတာကြောင့် စားနပ်ရိက္ခာပေးဝေးနေပေမယ့် လုံလောက်မှုမရှိဘူးလို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“လောလောဆယ် သူများကျွေးတာနဲ့ပဲ စားနေတယ် ဘာလုပ်ငန်းမှလဲ လုပ်လို့မရဘူး အဆင်မပြေဘူး။ ခု မိုးကလဲ ပုံမှန်မဟုတ်ဘူး တောင်ယာခင်းတွေက သွားလုပ်ထားတာက တစ်နေရာ လူရောက်နေတာ တစ်နေရာဆိုတော့ သွားလုပ်စားလို့လဲ မဖြစ်ဘူး။ သူများပံ့ပိုးနေရတာနဲ့ပဲ စားနေရတဲ့ အခြေအနေမျိုးမှာပဲရှိတယ်။ ဝင်‌ငွေကတော့ ဘာမှတော့ မရှိဘူး အဲ့ခြေနေမျိုးတော့ရှိတယ် ။“ လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ ဝင်ငွေရအလုပ်အကိုင်မရှိတာကြောင့် အလှူရှင်ရဲ့ထောက်ပံ့မှုကိုသာ အဓိက မှီခိုအားထားနေရပြီး စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေကြရတာပါ။

“အလှူရှင်က ဆန်နဲ့ ဆားနဲ့ ဆီ နဲ့တော့ အဲ့ဒါ အဓိကပေးတယ်။ ဒီဖက်မှာ အဲ့ဒါပဲလိုတယ်ဖြစ်တဲ့အတွက်ကြောင်မို့လို့ အဓိကပဲပေးတယ်။ မိုးကာတွေပေးတဲ့ဟာလည်း ရှိတယ်။ မိုးကာတို့ ဆေးတို့ ဆေးဝါးတို့ ခါကျတော့ မလိုတာမဟုတ်ဘူး လိုတယ်။ အင်္ကျီ၊ အဝတ်အစား၊ စောင်၊ အနွေးထည် အဲ့တာတွေလည်း လိုတယ်။“ လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မိုးရာသီကာလမှာ ငှက်ဖျား၊ ရာသီတုပ်ကွေးစတဲ့ရောဂါတွေလည်း အဖြစ်များနေပြီး ဆေးဝါးလုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။ စစ်ရှောင်စခန်းတွေမှာ ကိုယ်ထူကိုယ်ထဆေးခန်းရှိပေမယ့် ကျန်းမာရေးဝန်ထမ်းတွေ နည်းပါးတာကြောင့် မိုးတွင်းကာလမှာ အဖြစ်များတဲ့ ငှက်ဖျား၊ ဝမ်းရောဂါ အဖြစ်များလာမှာကို စိုးရိမ်နေကြပါတယ်။

“ဆေးမလုံလောက်မှုတွေ ရှိနေဟာမျိုးတွေ တွေ့နေရတဲ့ အတွက်ကြောင့်မို့လို ကျန်းမာရေးလည်း ‌တော်တော်တော့ ခုချိန်မှာတော့ နည်းနည်းအခက်အခဲဖြစ်တာပေါ့နော်။ ဘာလို့လဲဆိုလို့ရှိရင်တော့ ဒီလမ်းပန်းဆက်သွယ်ရေးက အဆင်မပြေတော့ဘူး ဆေးဝါးတွေလည်း သယ်လို့ မရဘူး ဝင်ငွေတွေလည်း မရှိတဲ့တွက်ကြောင့်မို့လို့ ဆေးဝါးတွေလည်း ဝယ်ယူလို့မရဘူး” လို့ ရှားတောဒေသခံတစ်ဦးက ပြောပါတယ်။

ရှားတောမြို့နယ်မှာ စစ်ရှောင်စခန်း ၃ခုရှိပြီး လူဦးရေ ၁၈၀၀ ကျော်ရှိနေပါတယ်။ စစ်ဘေးရှောင်တွေဟာ ရှားတောမြို့ပေါ် တိုက်ပွဲဖြစ်ပွားတဲ့ ဇန်နဝါရီလကတည်းက စတင်တိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိကြသေးပါဘူး။

ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)
April 11, 2026
ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ( ၂၆ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို...
April 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ...
April 9, 2026
လောင်စာဆီ ချွေတာရေးအစီအမံအတွက် စက်သုံးဆီတင်သွင်းသယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို...
April 8, 2026
စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက်တွေ အထူးသဖြင့်...