ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ကလေးအပါအဝင် လူကြီးများ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြ

ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ကလေးအပါအဝင် လူကြီးများ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြ

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ဇွန်လနောက်ဆုံးအပတ်ကစပြီး ကလေးအပါအဝင် လူကြီးတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

တောတောင်ထဲမှာ နေထိုင်ရတာကြောင့် မိုးရာသီကာလအတွင်း ယင်ပေါက်ဖွားမှုကတဆင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြပြီး အစားအသောက်နဲ့ ရေ မသန့်ရှင်းမှုလည်း ကြုံတွေ့နေရတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့ဖြစ်တဲ့ Kayan Rescue Committee – KRC ရဲ့ အဖွဲ့ဝင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“စစ်ရှောင်တွေ တိမ်းရှောင်ခိုလှုံတဲ့နေရာတွေမှာဆိုရင် ဝမ်းပျက်ဝမ်းလျှောလည်း ဖြစ်နေကြတယ်ပေ့ါနော်။ မိုးတွင်းဆိုတော့လေ ယင်ပေါက်ပွားတာကြောင့်လည်း ပါပါတယ်။ ယင်တွေကြောင့် မသန့်ရှင်းတဲ့ ရေတွေကော အစားအသောက်တွေကြောင့်လို့တော့ ပြောလို့ရပါတယ်” လို့ သူက ဆိုပါတယ်။

ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုမှာ သက်လတ်ပိုင်းအရွယ် အများဆုံးဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။ စစ်ရှောင်စခန်းမှာ ဆေးပေးခန်းမရှိတာကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုမှ ကာကွယ်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသနေကြတယ်လို့ ဆိုပါတယ်။

လတ်တလောမှာလည်း ဝမ်းပျက်ဝမ်းလျှော အပြင် ရာသီတုပ်ကွေးလည်း ဖြစ်ပွားနေကြပြီး ဆေးဝါးလိုအပ်နေပါတယ်။

“ဒီဝမ်းပျက်ဝမ်းလျှောက် စစ်ရှောင်မှမဟုတ်ဘူး ဒေသခံတွေလည်းဖြစ်တာပေါ့နော်။ ပြီးတော့ ဒီအဖျား ရာသီတုပ်ကွေးလည်း ပြန်ဖြစ်ကြတာပေါ့နော်။ ဝမ်းပျက်ဝမ်းလျှောကောပေါ့။ လူဦးရေတော့ မပြောတတ်ဘူး အတိအကျမသိဘူး။ ၂၀ ရာခိုင်နှုန်းလောက်က ဖြစ်ကြတယ်လို့တော့ ပြောလို့ရတာပေါ့”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ပင်လောင်း-ဖယ်ခုံမြို့နယ်စပ်က တိုက်ပွဲတွေကြောင့် ဖယ်ခုံမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်ဦးရေ ထပ်တိုးလာပြီး စားနပ်ရိက္ခာအပြင် နေရာထိုင်ခင်းတွေလည်း လိုအပ်နေဆဲ ဖြစ်ပါတယ်။ အဆိုပါ စစ်ရှောင်စခန်းမှာတော့ စစ်ဘေးရှောင်ဦးရေ ၁၆၅၀ ရှိနေပါတယ်။

June 10, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတနေရာမှာ မသန်စွမ်းသူတွေကို ဘဝမြင့်တင်ရေးနှင့်...
June 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် သော်ခူ စစ်ရှောင်စခန်းမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်...
June 9, 2026
“မိုးကာကတော့ မလုံမလောက်ဘူးပေါ့။ တခါတလေ သူများ(အလှူရှင်) ပေးတယ်။ ကိုယ်က မိုးထားပြီးဆိုတော့ ကြွက်က...
June 8, 2026
၂၀၁၉ -၂၀၂၀ ပညာသင်နှစ်မှာ ဆယ်တန်းကျောင်းသားတဦးဖြစ်ခဲ့တဲ့ ကိုပီတာ(အမည်လွှဲ) ဟာ ကိုဗစ် ကပ်ရောဂါနဲ့...