ရေး-ထားဝယ်လမ်းပိုင်းတွင် နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေ

ရေး-ထားဝယ်လမ်းပိုင်းတွင် နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ရေး-ထားဝယ်လမ်းပိုင်းတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသဖြင့် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

လက်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ရေး-ထားဝယ်လမ်းကို စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာရန် ကြိုးပမ်းလာသဖြင့် တိုက်ပွဲများ ပြင်းထန်လာနေခြင်းဖြစ်ကြောင်း ၎င်းလမ်းပိုင်းကို စိုးမိုးထားသော ဒေါနစစ်ကြောင်း၏ စစ်ကြောင်းမှူးဖြစ်သူ စောဒါးကိုက ကေအိုင်စီသို့ ပြောသည်။

ဒေါနစစ်ကြောင်းမှူးစောဒါးကိုက “အမှတ်(၈)ပြည်ထောင်စုလမ်းကို ထိန်းချုပ်ဖို့ အဓိက စကစ(၈)က တပ်မမှူးက လုပ်တယ်။ ကျနော်တို့စိုးမိုးထားတဲ့ ဒီလမ်းကိုတော့မပေးဘူး။ ထိတွေမှုတိုက်ပွဲက တောက်လျှောက်ဖြစ်နေတယ်”ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်လာမှုတွင် စီးပွားရေးအရ ဆက်နွှယ်မှုရှိနေသည့် နယ်မြေခံ လက်နက်ကိုင် အဖွဲ့အစည်းအချို့၏ ပူးပေါင်းကူညီပါဝင်မှုနှင့် ပတ်သက်မှုများရှိနေကြောင်း ဒေသခံ ပြည်သူများက ပြောဆိုကြ သည်။

ထို့အပြင် နယ်မြေခံ လက်နက်ကိုင်အဖွဲ့အစည်းအချို့သည် စစ်ကောင်စီတပ်ဖွဲ့နှင့်ပူးပေါင်း၍ တော်လှန် ရေးတပ်ဖွဲ့များရှိသည့်နေရာများကို လိုက်လံလမ်းပြမှုများရှိကြောင်း ကနဦးသိရှိရပြီး ဆက်လက်စုံစမ်းမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေါနစစ်ကြောင်းက ပြောသည်။

ဆက်လက်၍ ထိုးစစ်ဆင်လာသည့် ၎င်းစစ်ကောင်စီတပ်ဖွဲ့သည် နီးစပ်ရာကျေးရွာများထဲသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ အဆက်မပြတ်လုပ်ဆောင်နေခြင်းကြောင့် ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်ရပြီး လက်နက်ကြီးကျည် ထိမှန်သေဆုံးမှုလည်းရှိကြောင်း ရွာသားများက ပြောသည်။

ယခုလို စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်လာရာတွင် နယ်မြေစိုးမိုးထားသော တော်လှန်ရေးတပ်ဖွဲ့များက တိုက်ပွဲ များအရှိန်အဟုန်မြင့်တင်မည်ဖြစ်သဖြင့် ရေး-ထားဝယ်လမ်းပိုင်းကို ပြည်သူလူထုများ အရေးတကြီးသွားလာမှုများ မရှိလျှင် လုံးဝမသွားလာကြရန် ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် ဒေါနစစ်ကြောင်းက အသိပေး ထုတ်ပြန်ထားသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...