သံတွဲမြို့သို့ တိုက်ပွဲနီးကပ်လာသဖြင့် မြို့ခံ သုံးပုံတစ်ပုံခန့် စစ်ဘေးရှောင်

သံတွဲမြို့သို့ တိုက်ပွဲနီးကပ်လာသဖြင့် မြို့ခံ သုံးပုံတစ်ပုံခန့် စစ်ဘေးရှောင်

လက်ရှိ အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ရခိုင်တောင်ပိုင်းခရိုင်မြို့ တစ်ခုဖြစ်သည့် သံတွဲမြို့ထိ နီးကပ်လာသဖြင့် သံတွဲမြို့ခံ သုံးပုံတစ်ပုံခန့်မှာ စစ်ဘေးရှောင်သွားခဲ့ကြပြီဟု ဒေသခံများက ပြောဆိုသည်။

“  တိုက်ပွဲက တစ်ရက်ထက် တစ်ရက် မြို့နဲ့ နီးလာတယ်လေ။ နီးကပ်လာတော့ ဒေသခံတွေက စိုးရိမ်ပြီး စစ်ဘေးရှောင်ကြတယ်။ ယခုရက်ပိုင်းအတွင်းမှာ  စစ်ဘေးတိမ်းရှောင်သူ ပိုမိုများပြား လာတယ်”ဟု  ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ စစ်ဘေးရှောင်ကြရာတွင် ပိုက်ဆံတတ်နိုင်သူများက ရန်ကုန်မြို့သို့ တိမ်းရှောင်သွားကြသလို ငွေကြေးမတတ်နိုင်သူများက မြို့နယ်တောင်ပိုင်းသို့ ရှောင်တိမ်းကြသည်ဟု ဒေသအတွင်းက အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ ပိုက်ဆံရှိတဲ့သူတွေကတော့ ရန်ကုန်ကို လေယာဉ်နဲ့လိုက်သွားတာတွေရှိတာပေါ့။ ငွေကြေး မတတ်နိုင်တဲ့ သူတွေကျတော့ မြို့နယ်တောင်ပိုင်း ကျေးရွာတွေကို စစ်ရှောင်ပြီး အဲဒီမှာဘဲ လှည့်ပတ် ပြေးနေကြရတာလေ။ တကယ်တမ်းဆို ဘယ်နေရာမှ မလုံခြုံဘူး။ သံတွဲမြို့ဆိုတာကလည်း ကျဉ်ကျဉ်းလေး။ တိုက်ပွဲဖြစ်ရင် အကုန်ထိမှာ”ဟု ပြောသည်။

လက်ရှိ အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့သည် သံတွဲမြို့နှင့် ၁၅ မိုင်၊ ၁၀ မိုင် ၊ ၅ မိုင်လောက် သာကွားဝေးသည့် နေရာများတွင် တိုက်ပွဲ ဖြစ်ပွားနေကြခြင်းဖြစ်ပြီး တိုက်ပွဲမှာ သံတွဲမြို့ဘက်သို့ တစတစ နီးကပ်လာသည်ဟု ၎င်းက ပြောဆိုသည်။

သံတွဲမြို့၏ တောင်ဘက် သံတွဲ-ဂွလမ်းပေါ်ရှိ ကျေးရွာများဖြစ်သော ဇလွန်၊ မြှားချောင်း၊ ကျောက်ကြီး၊ ကြာညို၊ ခရေတန်း၊ သငုတ္တို စသည့်ကျေးရွာများသို့ ဒေသခံများစစ်ဘေးတိမ်းရှောင် နေသကဲ့သို့  ကျိန္တလီ‌နှင့် ဂွမြို့နယ်ကျေးရွာများသို့ လည်းတိမ်းရှောင်မှုများရှိကြောင်း စစ်ရှောင်များအား လိုက်ပို့ခဲ့ရသူ ကားသမားတစ်ဦးမှ နိရဉ္စရာသို့ပြောသည်။

စစ်ဘေးတိမ်းရှောင်သူ ဒေသခံအမျိုးသမီးတစ်ဦး “ တိုက်ပွဲက မြို့နဲ့ တော်တော် နီးလာပြီ။ တောင်ကုတ်ကိုသွားတဲ့လမ်းမြို့အထွက်မှာ စစ်ကောင်စီက မြုံပြင်ရွာလောက်ပဲရှိတယ်။ ဟိုဖက် အခြမ်းမှာလည်း ကင်းမော် လောက်ပဲရှိတယ်။ အဲ့တော့ သံတွဲမြို့မြောက်ဘက်အခြမ်းမှာ စစ်ရေးက နှစ်ဖက်ပြင်ဆင်တာတွေရှိတယ်။ အရှေ့နဲ့အနောက်ဖက် ကလည်း ပင်လယ်နဲ့ တောင်တန်းတွေဆိုတော့ လူတွေက မြို့တောင်ဘက်အခြမ်းကိုပဲ တိမ်းရှောင်ရတာပေါ့” ဟု မှပြောသည်။

သံတွဲမြို့သည် ငပလီ ပင်လယ်ကမ်းခြေနှင့် ဟိုတည်နှင့်ခရီးသွားလုပ်ငန်းများရှိ၍ စည်ကားသော ခရိုင်မြို့တစ်မြို့ဖြစ်သော်လည်း လက်ရှိတွင် စစ်ဘေးရှောင်သွားကြသောကြောင့် မြို့ပေါ်၌  လူဦးရေ၏ သုံးပုံ တစ်ပုံခန့်သာကျန်ရှိတော့ကြောင်း ဒေသခံများထံမှသိရသည်။

သံတွဲမြို့တောင်ပိုင်းရှိ  ကျေးရွာများသို့ စစ်ရှောင်များ ပြောင်းရွေ့လာကြသဖြင့် အိမ်ငှားရမ်းခများ သည် ယခင်က ကျပ် ၅ သောင်းရှိနေရာက ယခုအခါ ကျပ် တစ်သိန်းအထိ ဈေးနူန်း မြင့်တက်လျက် ရှိကြောင်းလည်း သိရသည်။

သံတွဲမြို့နယ်အတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ဒေသခံများစစ်ဘေးရှောင်နေကြပြီး စစ်ကောင်စီမှလည်း စစ်ဆေးတား ဆီးခြင်းများလည်းရှိနေကြောင်း သိရသည်။

ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...