ခတ်ချိုမှာ လက်နက်ကြီးကျလို့ ကလေး ၂ ယောက်အပါအဝင် ၆ ယောက်သေဆုံး

ခတ်ချိုမှာ လက်နက်ကြီးကျလို့ ကလေး ၂ ယောက်အပါအဝင် ၆ ယောက်သေဆုံး

ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ကွက်သစ်ရပ်ကွက်မှာ ဒီနေ့ နေ့လည် ၁၂ နာရီလောက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အရပ်သား ၆ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

သေဆုံးခဲ့သူတွေထဲ ကလေး ၂ ဦးပါဝင်ပြီးတော့ ကျန်တဲ့သုံးယောက်ကတော့ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ဒဏ်ရာရရှိတဲ့ ၁၁ ဦးထဲကလည်း ဆေးရုံအရောက်မှာ သေဆုံးသွားတာလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ခတ်ချိုရွာ ကွက်သစ်အပိုင်းမှာ ဗုံးသီး၂လုံးကျတာ တစ်နေရာကို ၃ ဦး ၃ဦးနဲ့ ၆ ဦးပွဲချင်းပြီးဆုံးသွားတယ် လက်နက်ကြီးစတွေဘာတွေလည်းမတွေ့ရဘူး ဝိုင်းမော်ဆေးရုံမှာပို့ထားတဲ့ လူနာ ၅ ယောက်ထဲက အသက်သေဆုံးတဲ့လူထပ်ရှိတယ်လို့သိရတယ် ဘယ်သူလဲဆိုတာတော့မသိရသေးပါဘူး”လို့ပြောပါတယ်။

သေဆုံးသူတွေကတော့ ဦးကျော်ဦး အသက် ၅၆နှစ်၊ ဒေါ်ပုလေး အသက် ၄၅ နှစ်၊ မောင်စိုင်းလင်းခန့် အသက် ၅ နှစ်၊ မသဇင်သင်း အသက် ၂၂ နှစ်၊ မောင်ဇွဲမာန်အောင် အသက် ၉ နှစ် နဲ့ မကေသွယ် အသက် ၁၈ နှစ်တို့ သေဆုံးခဲ့ရတာလို့သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ထဲက ၆ ဦးကို မြစ်ကြီးနားမြို့နယ်ဆေးရုံကိုပို့ထားပြီး နောက်ထပ် ၅ ဦးကို တော့ ဝိုင်းမော်မြို့နယ်ဆေးရုံကိုပို့ထားတယ်လို့သိရပါတယ်။

ဒီနေ့ကျရောက်ပေါက်ကွဲတဲ့လက်နက်ကြီးကတော့ စစ်ကောင်စီဘက်ကပစ်ခတ်တဲ့လက်နက်ကြီးဖြစ်ပြီး ကြက်ပေါက်ခြံရပ်ကွက်အတွင်းက ကြံ့ခိုင်ရေးရုံးမှာအထိုင်ချထားတဲ့ လက်နက်ကြီးဖြစ်တယ်လို့ ဒေသခံ တွေကဆိုကြပေမဲ့ KNG က သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။

လက်ရှိတိုက်ပွဲကြောင့် ဝိုင်းမော်မြို့တွင်းနေထိုင်တဲ့ အရပ်သားတွေ ဟာ မြစ်ကြီးနားမြို့ကို ဆက်တိုက် ရွှေ့ပြောင်းမှုတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ ကေအိုင်အေနဲ့ စစ်တပ်နဲ့ကလည်းနီးနီးလေးဖြစ်နေတော့ ပြည်သူတွေကလည်း စိုးရိမ်ပြီး မြစ်ကြီးနားတွေ ပြောင်းကြပေါ့ အိမ်တွေပိတ်ကြပေါ့ တော်ရုံတန်ရုံလောက်ပဲကျန်တာပေါ့ လုံးဝကြီးမြို့ကိုစွန့်သွားကြတာ တော့မဟုတ်ဘူး မြို့ကခြောက်ကပ်သွားတာပေါ့”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစတင်ပြီးတော့ ဝိုင်းမော်မြို့နဲ့ထဲမှာ ကျန်နေသေးတဲ့ ပြည်သူ့စစ်တပ်စခန်းတွေနဲ့ စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်တိုက် ခိုက်နေတာဖြစ်ပါတယ်။

မေလ ၁၈ ရက်နေ့ကနေ ဒီနေ့အထိ ၃ ရက်အတွင်း ဖြစ်ပွားနေတဲ့ ဝိုင်းမော်တိုက်ပွဲအတွင်း အရပ်သားသေဆုံး မှုတွေကလည်း ဆက်တိုက်မြှင့်တက်နေသလို ထွက်ပြေးတိမ်းရှောင်ရတဲ့ အရပ်သားဦးရေဟာလည်း ဆက်တိုက်မြှင့်တက်နေပါတယ်။

ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...