ညောင်ရွှေမြို့နယ် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ တစ်ပတ်အတွင်း စစ်ဘေးရှောင် ၁ ထောင်ကျော် ထပ်မံထွက်ပြေးရ

ညောင်ရွှေမြို့နယ် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ တစ်ပတ်အတွင်း စစ်ဘေးရှောင် ၁ ထောင်ကျော် ထပ်မံထွက်ပြေးရ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသေးကြောင်း စုံစမ်းသိရသည်။

ညောင်ရွှေမြို့နယ် ညောင်လေးပင်ကျေးရွာ၊ တောင်ပို့ကွဲကျေးရွာနှင့် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် ယနေ့အချိန်ထိ နှစ်ဘက်တပ်ဖွဲ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ကျေးရွာထဲသို့ ရမ်းသမ်းပစ်ခတ်နေကြောင်း ညောင်ရွှေမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ အခုတိုက်ပွဲတွေဆက်ဖြစ်နေသေးတယ်ဗျ။ ဒီတောင်ပို့ကွဲတို့၊ နန်းတုတ်တို့၊ ညောင်လေးပင်တို့ဘက်မှာ ဖြစ်နေတုန်းပဲ။ အဲ့ကလူတွေလည်း ဒီဘက်ကစံကားဒေသကို ရှောင်လာရတယ်။ ရှေ့ရက်တွေကလည်း ထီရိရွာကနေစစ်ကောင်စီက ညောင်လေးပင်၊ နန်းတုတ်ဘက်ကို လှမ်းပစ်တာ။ ပြီးတော့ ဆီဆိုင်ကနေ၊ ဖယ်ခုံကနေကော ဒီဘက်ထိလှမ်းပစ်လာတာ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်သည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် လည်းကောင်း၊ ညောင်ရွှေမြို့နယ် ထီရိကျေးရွာတွင် လည်းကောင်း၊ ဖယ်ခုံမြို့ရှိ တပ်စခန်းတွင်လည်းကောင်း အမြောက်တပ်စွဲထားသည်။

ယင်းကဲ့သို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းကြောင့် တစ်ပတ်အတွင်း လူအင်အား တစ်ထောင်ကျော်ရှိ စစ်ဘေးရှောင်များသည်  စံကားကျေးရွာသို့ ထွက်ပြေးရောက်ရှိလာပြီး အရေးပေါ်အကူညီလိုအပ်နေကြော်း စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။

“တိုက်ပွဲဆက်ဖြစ်တော့ ဒီတစ်ပတ်ထဲမှာဘဲ လူဦးရေက ၁ ထောင်ကျော်တိုးလာတယ်။ စစ်ဘေးရှောင် စခန်းတစ်ခုတစ်ခုမှာ လူဦးရေ ၁၀၀ကျော် ၂၀၀ လောက်ထပ်တိုးလာတာ။ အခုလောလောဆယ်တော့ နေရာထိုင်ခင်းတွေ၊ အမိုးအကာတွေ အထူးတလည်လိုအပ်နေတယ်” ဟု စစ်ဘေးရှောင်ကူညီသူ တစ်ဦးကပြောသည်။

စစ်ဘေးရှောင်ဦးရေများ တိုးလာသည်နှင့်အမျှ စံကားကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်မှ တပ်သားများသည် အရပ်ဝတ်ဖြင့် ပြည်သူများနှင့်စစ်ဘေးရှောင်များအကြား လိုက်လျှော သွားလာလှုပ်ရှားခြင်း၊ စောင့်ကြည့်ခြင်း ပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

သျှမ်းတောင် ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း နှင့် ညောင်ရွှေမြို့နယ်တွင် တိုက်ပွဲများကြောင့် သုံးလကျော်ကြာ အရပ်သားသေဆုံးမှု ၇၀ ဦးဝန့်ကျင်အထိမြင့်တက်လာနေပြီး ကလေးငယ်နှင့် အမျိုးသမီးအပါအဝင် အရပ်သား ထိခိုက်ဒဏ်ရာရမှု ၁၀၀ ဝန်းကျင်အထိ မြင့်တက်လာနေသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံးက ယနေ့ မေလ ၂၀ ရက်တွင်ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...