ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေး ၄ လကြာတိုက်ပွဲမှာ CDF-ကန်ပက်လက်က ရဲဘော် ၁၃ ဦးကျဆုံး

ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေး ၄ လကြာတိုက်ပွဲမှာ CDF-ကန်ပက်လက်က ရဲဘော် ၁၃ ဦးကျဆုံး

- ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(AA)က အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းဆောင်ဖို့ စာရင်းကောက်ယူမှုတွေရှိလာတာကြောင့် စစ်မှုမထမ်းဆောင်လိုကြတဲ့ ချင်းလူငယ်၊ လူလတ်ပိုင်းတွေ ပလက်ဝမြို့ကို စွန့်ခွာထွက်ပြေးသူ တစ်နေ့ထက်တစ်နေ့ များလာနေတယ်လို့ သိရပါတယ်။

- ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ် လုံတပ်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘာသာရေးအဆောက်အဦး အပါအဝင် နေအိမ် ၇ လုံးပျက်စီးပြီး ကျေးရွာ ၅ ရွာက ဒေသခံထောင်ချီ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

- ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်းစစ်ဆင်ရေး ၄ လကြာတိုက်ပွဲမှာ CDF-ကန်ပက်လက်တပ်ဖွဲ့က  ပထမတန်း စစ်ဆင်ရေးအရာရှိ G1 ၊ ဒုတပ်ရင်းမှူးနဲ့ စစ်ကြောင်းမှူးအပါအဝင် ရဲဘော် ၁၃ ဦး ကျဆုံးခဲ့တယ်လို့ CDF - ကန်ပက်လက် တပ်မဟာမှူး ဆလိုင်းထွန်းလိန်းထန်က ပြောပါတယ်။

April 4, 2026
- တိုက်ပွဲပြန်လည်ဖြစ်ပွားနေတဲ့ ဖားကန့်မှာ KIA က လက်လွှတ်ထားရတဲ့ တပ်စခန်းတွေကို...
April 4, 2026
- စက်သုံးဆီ ဝယ်ယူမရလို့ မွန်က လုပ်ငန်းအများစု ရပ်တန့်လုနီးပါးဖြစ်လာနေတယ်လို့ စီးပွားရေး...
April 3, 2026
- အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ CRPH၊ NUG တို့က...
April 2, 2026
- ခဲသတ္တုထွက်ရှိတဲ့ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ ခဲဈေးမတည်ငြိမ်မှုနဲ့...