မြစ်ကြီးနားအကျဉ်းထောင်မှာ ရေကိုဝယ်ယူသုံးစွဲနေရပြီး အကျဉ်းထောင် ၁၂ ခုမှာလည်း ရေအခက်အခဲ ရင်ဆိုင်နေရ

မြစ်ကြီးနားအကျဉ်းထောင်မှာ ရေကိုဝယ်ယူသုံးစွဲနေရပြီး အကျဉ်းထောင် ၁၂ ခုမှာလည်း ရေအခက်အခဲ ရင်ဆိုင်နေရ

မြစ်ကြီးနားအကျဉ်းထောင်နဲ့ မိတ္ထီလာအကျဉ်းထောင်က အကျဉ်းသားတွေအနေနဲ့ ရေကိုဝယ်ယူသုံးစွဲရနေရသလို တစ်နိုင်ငံလုံးက အကျဉ်းထောင် ၁၂ ခု မှာ သုံးရေ၊သောက်ရေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သိရပါတယ်။

မိတ္ထီလာ၊ ပုသိမ်၊ ပြည်၊ မြစ်ကြီးနား၊ အင်းစိန်ဗဟို၊ သာယာဝတီ၊ ပခုက္ကူ၊ ဖျာပုံ၊ မြင်းခြံဗဟို၊ဂန့်ဂေါ၊ကသာ၊ ကလေး စတဲ့ အကျဉ်းထောင်  ( ၁၂ ) ခုမှာ သုံးရေနဲ့သောက်ရေအခက်ခဲ ရင်ဆိုင်နေရတာဖြစ်တယ်လို့ PPNM က မေလ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အဲဒီအထဲက မြစ်ကြီးနားအကျဉ်းထောင်မှာ သောက်ရေသုံးရေအတွက် အကျဉ်းသားတွေဆီကနေ ပိုက်ဆံကောက်ပြီး သောက်သုံးရေ ဝယ်သုံးစွဲနေရတယ်လို့ PPNM က ဆိုပါတယ်။

ဒါ့အပြင် မိတ္ထီလာအကျဉ်းထောင်မှာလည်း ရေကားတစ်စီးကို ကျပ် ၆၅,၀၀၀ ခန့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေစုပြီး ရေဝယ်ချိုးတာတွေ လုပ်ဆောင်နေရသလို အကျဉ်းသားတွေအနေနဲ့ ရေချိုးတဲ့အချိန် ခွက် ၂၀ သာအသုံးပြုရပြီး ရေရှားတဲ့ရက်တွေမှာ  ၁၅ ခွက်သာ အသုံးပြုရတယ်လို့  ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အရ အကျဉ်းထောင် ၁၂ ထောင်ရှိနေပေမဲ့ နိုင်ငံအဝှမ်းက အကျဉ်းထောင်တွေမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသူအကျဉ်းသားတွေဟာ ရေသုံးစွဲနိုင်ဖို့ စုပေါင်းပြီး အဆင်ပြေအောင် လုပ်ဆောင်နေရတယ်လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

" အခု အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသားတွေက မိမိစရိတ်နဲ့ အကျဉ်းကျခံရတဲ့ ပုံစံမျိုးဖြစ်လာတယ်။  ငွေစုပြီး မီးစက်မောင်းဖို့ ဓါတ်ဆီဝယ်ရတယ်။ ချိုးရေရဖို့ ရေလှောင်ကန်ကနေဝယ်ရတယ်။သောက်ရေလည်းတူတူပဲ ဝယ်သောက်ရတယ်။" လို့ ကိုသိုက်ထွန်းဦး က ပြောပါတယ်။

အင်းစိန်ဗဟိုအကျဉ်းထောင်၊မြစ်ကြီးနားအကျဉ်းထောင်နဲ့ ကလေးအကျဉ်းထောင်တွေမှာလည်း ရေကိုခွက်အရေအတွက်နဲ့ ချိုးရသလို ရေမသန့်တာကြောင့် ယားနာ၊ပွေး၊ဝဲ စတဲ့ အရေပြားရောဂါတွေ ဖြစ်ပေါ်နေတယ်လို့ PPNM  က ဆိုပါတယ်။

PPNM အနေနဲ့ အကျဉ်းထောင် ၂၁ ခုကိုစောင့်ကြည့်ခဲ့တာ ဖြစ်ပြီးတော့ အဲဒီထဲက အကျဉ်းထောင် ၁၂ ခုမှာ ရေရှားပါးမှု ပြဿနာကို တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ အရေပြားရောဂါဖြစ်တာတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ ကိုသိုက်ထွန်းဦးက ဆက်လက် ရှင်းပြပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့အထိ စစ်ကောင်စီက မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ ပြည်သူ ၂၆,၆၇၅ ဦးရှိနေပြီး အဲဒီထဲက ၂၀,၄၅၄ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...