မြန်မာစစ်ဘေးရှောင်များအား အိန္ဒိယအစိုးရ ကူညီပေးရန် အိန္ဒိယမှ လူ့အခွင့်အရေးလှုပ်ရှားသူ တောင်းဆို

မြန်မာစစ်ဘေးရှောင်များအား အိန္ဒိယအစိုးရ ကူညီပေးရန် အိန္ဒိယမှ လူ့အခွင့်အရေးလှုပ်ရှားသူ တောင်းဆို

အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်များအား ပံ့ပိုးကူညီပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး နန်ဒီတာဟက်ဆာစာ က အိန္ဒိယအစိုးရကို တောင်းဆိုလိုက်သည်။

နန်ဒီတာဟက်ဆာစာ( Ms Nandita Haksar )သည် လူ့အခွင့်အရေး ဆိုင်ရာ အမှုများ လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေ၊ ကျောင်းဆရာမ၊ လူ့အခွင့်အရေး တိုက်ပွဲဝင်လှုပ်ရှားသူနှင့် စာရေးသူတဦးလည်း ဖြစ်သည်။



ယမန်နေ့ (မေလ၁၃ရက်) ည ၆နာရီ ၃၀မိနစ်အချိန်တွင် နယူးဒေလီမြို့၊ India International Centre၌ ပြုလုပ်သော “The Situation In Myanmar And Implications For India” ခေါင်းစဥ်ဖြင့် ပြုလုပ်သည့်ဆွေးနွေးပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ မြန်မာပြည်ဆိုတာ ကျွန်မတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေပဲဖြစ်တယ်။ ဒီနိုင်ငံ ပြဿနာဖြစ်နေတဲ့အချိန်မှာ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့တွေ ဥပမာ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အခြေခံဆေးဝါးတွေ၊ ဒါတွေကို ပံ့ပိုးကူညီရမယ်။ ခြေပြတ်၊လက်ပြတ်တွေက ဆေးလာကုနေကြတယ်။ ကိုယ်ပေးနိုင်တာတွေရှိရက်သားနဲ့ ဘာဖြစ်လို့ ကျွန်မတို့ မလုပ်သလဲ။ အဲဒါတွေအမြန်ဆုံးလုပ်နိုင်အောင် ကြိုးစားဖို့လိုအပ်တယ်။ ကူညီမှုပေးရန်လည်း အိန္ဒယအစိုးရကို တောင်းဆိုချင်ပါတယ်။” နန်ဒီတာဟက်ဆာစာက ပြောခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် စာရေးဆရာ Amb.K.P Fabianက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး လူ့အခွင့်အရေးတိုက်ပွဲဝင်လှုပ်ရှားသူ နန်ဒီတာဟက်ဆာစာက လက်ရှိမြန်မာနိုင်ငံရေး အခြေအနေများ၊ မြန်မာစစ်ဘေးရှောင်များ ကြုံတွေ့ရသည့် အခက်အခဲများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အခြေအနေကို ပြောကြားခဲ့သည်။

ယခုဆွေးနွေးပွဲသည် မြန်မာနိုင်ငံရေးအခြေအနေများအား ဟောပြောပွဲသပ်သပ်မဟုတ်ဘဲ မြန်မာစစ်ဘေးဒုက္ခသည်များကို အိန္ဒိယအစိုးရမှ ကူညီပေးရန်တောင်းဆိုမှုလည်းဖြစ်ကြောင်း ဟောပြောပွဲအစောပိုင်းတွင် နန်ဒီတာဟက်ဆာစာက ပြောသည်။

“နယူးဒေလီမှာရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေက ဒီတိုင်းရောက် လာတာမဟုတ်ဘူး။ သူတို့နိုင်ငံမှာ ညဥ်းပန်းနှိပ်စက်မှုခံနေတဲ့အချိန်မှာ ထွက်ပြေးလာသူတွေဖြစ်တယ်။ အဲဒါကြောင့် အိန္ဒိယအစိုးရအနေနဲ့ ဒီမှာ UNHCRရုံးရှိတယ်ဆိုတော့ ဘာကြောင့် UNကဒ်တွေ မပေးနိုင်သလဲ။ တတိယနိုင်ငံဖြစ်တဲ့ ကေနဒါ၊ အမေရိကန်တို့က ဒုက္ခသည်တွေလာခိုင်းပါပြောပြီး ငါတို့အိန္ဒိယက ဘာလို့ မလွတ်ချင်တာလဲ။

ဒါမှမဟုတ် မြန်မာစစ်ဘေးဒုက္ခသည်တွေကို နိုင်ငံခြားမပို့ချင်ဘူးဆိုရင် သူတို့လုပ်ကိုင်စားသောက်ဖို့အတွက် စီစဥ်ပေးဖို့ပြောချင်ပါတယ်။ လယ်ယာတွေမှာ စိုက်ပျိုးရေးလုပ်ခိုင်းတာမျိုး ကူညီလို့ရတယ်။ ဒီမှာလာတဲ့ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့ တောင်းဆိုချင်ပါတယ်။” ဟု နန်ဒီတာဟက်ဆာစာက ဆိုသည်။

အဆိုပါဆွေးနွေးပွဲသို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ၊ စာရေးဆရာများ၊ လူ့အခွင့်အရေးရှေ့နေများနှင့် သတင်းထောက်များ စုစုပေါင်းလူဦး ၆၀ကျော်တက်ရောက်ခဲ့သည်။

နန်ဒီတာဟက်ဆာစာသည် အိန္ဒိယနိုင်ငံတွင် စစ်တပ်က ဖိနှိပ်ညှဉ်းပန်းမှု ခံရသူများကို တရားလွှတ်တော်ချုပ်နဲ့ ပြည်နယ်တရားလွှတ်တော်များမှာပါ ပါဝင်ကူညီအမှုလိုက်ပေးခဲ့သူ ဖြစ်ပြီး ၁၉၅၈ ခုနှစ်လက်နက်ကိုင်တပ်ဖွဲ့များ (အထူးအာဏာ) ဥပဒေ ကိုဆန့်ကျင်သည့် လှုပ်ရှားမှုများကိုလည်း ပြည်တွင်း၊ ပြည်ပမှာပါလှုပ်ရှားဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ယင်းအပြင် လက်နက်ကိုင်တပ်ဖွဲ့များ (အထူးအာဏာ) ဥပဒေကို တရားလွှတ်တော်ချုပ်တွင် ၁၉၈၃ ခုနှစ်က ပထမဆုံးစိန်ခေါ် တိုက်ပွဲဝင်ခဲ့သူလည်းဖြစ်သည်။

အိန္ဒိယ လွှတ်တော် တိုက်ခိုက်ခံရသည့် အမှုတွင် အမှုဆင်ဖမ်းဆီးခံထားရသူများကို အမှုကကွင်းလုံးကျွတ် တရားသေ လွတ်အောင် ဆောင်ရွက်နိုင်သည်အထိ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူလည်းဖြစ်သည်။

Most read this week

February 13, 2026
စိုင်းခန့် — ကရင်နီပြည်ရှိ သံလွင်မြစ်အတွင်း Arsenic (အာဆင်းနစ်) ၊ ခဲနှင့် ပြဒါး အပါအဝင်...
February 12, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်က ဒေသခံအရပ်သားလေးဦးအား...
ဒီမောဆိုမြို့ တနေရာရှိ ဘိန်းခင်းကို KNDF တပ်ဖွဲ့ဝင်များ ဖျက်ဆီးနေကြပုံ။ (Moe Nyo Facebook)
February 11, 2026
ဂျူချန်း — ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တနေရာရှိ ဘိန်းခင်းများကို...
February 10, 2026
မောင်ခက်နွေ — မြန်မာ့နွေဦးတော်လှန်ရေး အရှိန်အဟုန်မြှင့်တင်ရန်နှင့် အောင်ပွဲရရှိရန်အတွက်...