ဖားဆောင်းမှာ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဘက်က ၂၀ ဦးဝန်းကျင်သေဆုံးကြောင်းဆို

ဖားဆောင်းမှာ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဘက်က ၂၀ ဦးဝန်းကျင်သေဆုံးကြောင်းဆို

ကရင်နီပြည် ဖားဆောင်းမြို့မှာရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ စခန်းနှစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက မေလ ၄ ရက်နေ့စပြီး တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ဦးကျော်သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ၄ ဦးကျဆုံးတာရှိတယ်လို့ ကရင်နီပြည် တပ်မတော် ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

“ လေယာဥ်တအားလာပစ်လို့ နားလိုက်ရတယ်။ ၁၃၄/၁၃၅ တဘရိတ်တည်း(တခါတည်း) လုပ်တယ်လေ။ နှစ်ဦးနှစ်ဖက် ထိခိုက်မှုတော့ မသိဘူးလေ ကျနော်တို့ဖက်မှာတော့ ကျနော်တို့ အသက်ပေးလိုက်ရတာက ၄ယောက်လောက်ရှိတယ်ပေါ့နော်။ ဒဏ်ရာကတချို့ရတယ်လေ။ ရန်သူဖက်မှာလည်း သေတာက ၂၀ကျော်တယ်လို့ သုံးသပ်လို့ရပါတယ်။ ၂၀ကျော်တော့ သေတာပေါ့ ဒဏ်ရာရလည်းရှိတယ် သေတာက ခပ်များများပေါ့။”လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။

ဖားဆောင်းမြို့တွင်းက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကတည်းက တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီရဲ့ ခလရ ၁၃၄ ၊၁၃၅ စခန်း ၂ခု သာကျန်ရှိနေတာပါ။

“ ဖားဆောင်းမှာ ဒီကနေ့ထိတိုက်ပွဲတွေ ပြင်းထန်နေဆဲပဲလို့ပြောလို့ရပါတယ်။ တပ်စခန်းနှစ်ခုကိုတော့ ပိတ်ဆို့ တိုက်ခံနေတုန်းဖြစ်ပါတယ်။ အပြီးသတ် မသိမ်းပိုက်နိုင်သေးပါဘူး။”လို့ တာအယ်စိုးက ဆိုပါတယ်။

အဆိုပါ စခန်း ၂ခုကို တိုက်ခိုက်သိမ်းပိုက်နေစဉ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းစစ်ကူနဲ့ မြေပြင် လက်နက်ကြီးပစ်ကူ တွေ အဆမတန် သုံးစွဲ တိုက်ခိုက်တာကိုတွေ့ရကြောင်း ကန္တာရဝတီတိုင်း(မ်) မြေပြင် သတင်းထောက်က သတင်းပေးပို့ပါတယ်။

“ တနေကုန်လေယဉ်ပစ်တာ၊ 24 နာရီလုံးကိုပစ်တာ မနားဘူးတစ်ချက်မှ ” လို့ ဖားဆောင်းစစ်မြေပြင် ကိုရောက်ရှိနေတဲ့ ကန္တာရဝတီတိုင်း(မ်) ရဲ့ သတင်းထောက်က မေလ ၅ ရက်နေ့ တိုက်ပွဲအခြေအနေကိုပြောပြပါတယ်။

မေလ ၆ ရက်နေ့မှာလည်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုတွေကြောင့် တပ်တွေကို ပြန်လည်ဆုတ်ခွာထားရတယ်လို့ ကရင်နီတပ်မတော်(KA)စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

အဆိုပါ စခန်း သိမ်းတိုက် ပွဲအတွင်း စစ်ကောင်စီဖက် လေယာဥ်ဗုံးကြဲမှု အကြိမ် ၃၀ဝန်းကျင် ရှိခဲ့ပြီး ဗုံးအလုံးရေပေါင်း၃၀၀ကျော်တယ်လို့ ဗိုလ်မှူးဘုန်းနိုင်က ဆိုပါတယ်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...