စစ်ကောင်စီဘက်က စစ်ကူအင်အားဖြည့်တင်းထားနိုင်တာကြောင့် ၄၂၂တပ်ကို အပြီးသပ် မသိမ်းနိုင်ခဲ့

စစ်ကောင်စီဘက်က စစ်ကူအင်အားဖြည့်တင်းထားနိုင်တာကြောင့် ၄၂၂တပ်ကို အပြီးသပ် မသိမ်းနိုင်ခဲ့

ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းကစပြီး ကရင်နီ – ရှမ်းပြည်နယ်စပ်က  မိုးဗြဲမြို့အနီးရှိ  ခမရ  ၄၂၂ တပ်ကို သိမ်းယူဖို့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ စစ်ကူအင်အားတွေပို့ဆောင်ထားနိုင်မှုကြောင့် အပြီးသတ် မသိမ်းယူနိုင်ပဲ တပ်တွေကို ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

“ ၄၂၂ စစ်ဆင်ရေးကတော့ တော်လှန်ရေးတပ်ဖွဲ့တွေကနေပြီးတော့မှ အခုလောလောဆယ် အပြီးသတ်မသိမ်းနိုင်သေးတဲ့ အခြေနေမျိုးမှာတော့ရှိပါတယ်။ စစ်ကူတွေထပ်ရောက်လာတော့ အပြီးသတ်မသိမ်းနိုင်ဘူးလို့ပြောလို့ရပါတယ်” လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

ဧပြီလ တတိယပတ်မှာ စစ်ကောင်စီတပ်အင်အား ၂၀၀ ဝန်းကျင်လောက်က ဖယ်ခုံမြို့ကနေ စစ်ကြောင်းထိုးလာခဲ့ပြီး  ၄၂၂ တပ်စခန်းကို အင်အားဖြည့်ခဲ့တာလို့သူကဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ခမရ ၄၂၂ တပ်ရင်းအတွင်း စစ်ကူအင်အားနဲ့ အခိုင်အမာ ခံစစ်ပြင်ထားတဲ့ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က စစ်ကူလာတဲ့ လမ်းကြောင်းမှာလည်း ဖယ်ခုံမြို့ရှိ ဒေသခံ ၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ခမရ ၄၂၂ တပ်စခန်းသိမ်းတိုက်ပွဲဟာ တစ်လနီးပါး ကြာမြင့်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်း ရှိတယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူ သုံးခဲ့တယ်လို့သိရပါတယ်။

July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...
July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...