မောင်တောတွင် ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပြီး ဒေသခံတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

မောင်တောတွင် ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပြီး ဒေသခံတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အထက်ကန်သာယာကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံတစ်ဦးသေဆုံးပြီး သုံးဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီ ၁၅ ရက်၊ ည ၈ နာရီတွင် စစ်ကောင်စီ၏ မောင်တောအခြေစိုက် နခခ ၅ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ အထက်ကန်သာယာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာသားများကပြောသည်။

“လက်နက်ကြီးက နေအိမ်မှာ တိုက်ရိုက်ကျတာ။ အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာလည်းကျတယ်။ လက်နက်ကြီးက တစ်ချိန်လုံးပစ်တာဘဲ၊ အပြင်ကိုတောင်မထွက်နိုင်ဘူး။” ဟု မောင်တောမြို့နယ်၊ အထက်ကန်သာယာကျေးရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။

လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အထက်ကန်သာယာကျေးရွာမှ ဦးကျန်မောင်စိန် (ခ) သာမောင်စိန် (၃၈)နှစ်မှာ သေဆုံးသွားခဲ့ပြီး ကိုမျိုးလွင် (၁၇)နှစ်၊ ဦးမောင်မောင်သိန်း (၄၇)နှစ်နှင့် မသန္တာဌေး (၁၇)နှစ်တို့မှာ ဒဏ်ရာရရှိသွားခဲ့သည်။

စစ်ကောင်စီပစ်ခတ်လိုက်သော လက်နက်ကြီးကျည်မှာ ဦးကျန်မောင်စိန်၏ နေအိမ်တွင် ကျရောက်ပေါက်ကွဲခဲ့ကာ လက်နက်ကြီးကျည်စ ဦးခေါင်ကိုထိမှန်ပြီး ၎င်းမှာ နေရာတွင်သေဆုံးသွားခဲ့ခြင်းဖြစ်ကာ အနီးပတ်ဝန်းကျင်ရှိ ဦးမောင်မောင်သိန်း၊ ကိုမျိုးလွင်နှင့် မသန္တာဌေးတို့မှာလည်း လက်နက်ကြီးကျည်စများ ထိမှန်သွားခဲ့ခြင်းဖြစ်သည်။

“လက်နက်ကြီးပစ်နေတော့ ကျမတို့ တစ်ညလုံးအိပ်မရဘူး။ ဗုံးခိုကျင်းထဲမှာဘဲ နေရတယ်။ လက်နက်ကြီးတွေကလည်း တအားအသံကျယ်တယ်။” ဟု မောင်တောဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

ဧပြီ ၁၄ ရက်ကလည်း စစ်ကောင်စီ ဂျက်တိုက်လေယာဉ်နှစ်စီးနှင့် လာရောက်ပစ်ခတ်၍ ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ဈေး(မွတ်ဆလင်ရွာ)မှ အသက် (၃၀) အရွယ် မာမောက်တူးဆောင်လ် သေဆုံးခဲ့‌ရသည်။

စစ်ကောင်စီသည် အရပ်သားများနေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုတို့ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လျက်ရှိသည်ဟု ဒေသခံများနှင့် စစ်ရေးလေ့လာသူများက ပြောဆိုထားကြသည်။

July 4, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က...
July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...
မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 2, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင်...
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...