ရခိုင်စစ်ပွဲအတွင်း နေရပ်စွန့်ခွာသူဦးရေ ၁၅၀,၀၀၀ ကျော်ရှိပြီ

ရခိုင်စစ်ပွဲအတွင်း နေရပ်စွန့်ခွာသူဦးရေ ၁၅၀,၀၀၀ ကျော်ရှိပြီ
ရခိုင်စစ်ပွဲအတွင်း နေရပ်စွန့်ခွာသူဦးရေ ၁၅၀,၀၀၀ ကျော်ရှိပြီ
ရခိုင်စစ်ပွဲအတွင်း နေရပ်စွန့်ခွာသူဦးရေ ၁၅၀,၀၀၀ ကျော်ရှိပြီ

ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာ ၁၃ ရက်မှ စတင်ဖြစ်ပွားနေသည့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူဦးရေ ၁၅၇,၀၀၀ နီးပါးအထိ ရှိလာသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံး (UNOCHA) က မတ်လ ၄ ရက်တွင် ထုတ်ပြန်သည်။

“ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် လူပေါင်း ၁၅၇,၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်” ဟု UNOCHA က ဆိုသည်။

အရပ်သားပြည်သူများမှာ တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည့်အပြင် ပြည်သူများနေထိုင်ရာ မြို့ရွာရပ်ကွက်များကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုကြောင့်  အသက်အန္တရာယ်ကို ထိခိုက်မည်ကို စိုးရိမ်၍လည်း ထွက်ပြေးနေကြရသည်။

လက်ရှိ တိုက်ပွဲပြင်းထန်နေသော ဘူးသီးတောင်၊ မောင်တော၊ အမ်းမြို့နယ်တို့တွင်လည်း နေရပ်စွန့်ခွာသူဦးရေ တဖြည်းဖြည်းများလာသည်။

နေရပ်စွန့်ခွာသူ များလာသည်နှင့်အမျှ စစ်ဘေးရှောင်စခန်းများနှင့် ခိုလှုံရာကျေးရွာများ၌ ရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ရွာ စစ်ဘေးရှောင်စခန်းမှ မဦးမေသန်းက ပြောသည်။

“ကျမတို့ စစ်ဘေးရှောင်စခန်းမှာ ရေရှားလို့ မသန့်တဲ့ရေတွေကို သောက်နေရတာကြောင့် ကလေးငယ်တွေ ဝမ်းနေမကောင်းဖြစ်တာတွေ ရှိနေတယ်။ သောက်ရေရဖို့အတွက် စခန်းနဲ့အလှမ်းဝေးတဲ့ တောတောင်ထဲက မြောင်တွေကို သွားပြီးခပ်ရတယ်” ဟု သူက ပြောသည်။

အပူပြင်းဆုံးရာသီဝင်လာပြီဖြစ်၍ ရခိုင်ပြည်ရှိ အိုးအိမ်စွန့်ခွာရသူများစွာတို့သည် သောက်သုံးရေရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရပြီး လေပြင်းမုန်တိုင်းရာသီအမီ အမိုးအကာထောက်ပံ့ကူညီမှုပေးရန် အရေးကြီးကြောင်း  UNOCHA က ထုတ်ပြန်ထားသည်။

ယင်းအပြင် နေရာများစွာတို့၌ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေခြင်းနှင့် ဝယ်မရဖြစ်လာခြင်းတို့ကြောင့် စားနပ်ရိက္ခာ မဖူလုံခြင်းမှာလည်း “လွန်စွာ ရတက်မအေးစရာ ဖြစ်သည်” ဟု UNOCHA က ဆိုသည်။

လက်ရှိတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး၊ သောက်သုံးရေ စသည့် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိနေသည်။

“ဘယ်အချိန်မှ မြို့ထဲကိုဝင်ပြီးနေရမယ်ဆိုတာ အတိအကျမသိသေးဘူး။ ကျနော်တို့လို လက်လုပ်လက်စားတွေက ပိုပြီး စားဝတ်နေရေးအခက်ကြုံရတယ်။ အခုလို အလုပ်အကိုင်မရှိတဲ့ အခြေအနေမှာ ကုန်းစျေးနှုန်းတွေက တက်နေတယ်။ အကူအညီအထောက်အပံ့လည်း မရှိဘူးဆိုရင် ကျနော်တို့မှာ ငတ်ပြတ်သေဖို့ပဲ ရှိ‌တော့တယ်” ဟု ပုဏ္ဏားကျွန်းမြို့မှ စစ်ဘေးတိမ်းရှောင်လာသူ အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် AA ကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေသည်မှာ ငါးလနီးပါးအထိ ကြာမြင့်လာပြီး နှစ်ဖက်တိုက်ပွဲများမှာလည်း ပြင်းထန်နေသည်။

July 6, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း အရပ်သား နေထိုင်သည့် ကျေးရွာများကို စစ်တပ်က...
ကျောက်ဖြူခရိုင်တရားရုံးကို ၂၀၂၂ ဇွန်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 6, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ဖမ်းဆီးခံရသည့် စက်လှေပိုင်ရှင်နှင့် ခရီးသည် ၁၃...
July 4, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က...
July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...