မြေပုံမြို့နယ်ရှိ လက်ကျန် စစ်ကောင်စီစခန်းများကို AA အမြစ်ဖြတ်နေ

မြေပုံမြို့နယ်ရှိ လက်ကျန် စစ်ကောင်စီစခန်းများကို AA အမြစ်ဖြတ်နေ
မတ်လ ၃ ရက်နေ့ AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသော ဓာတ်ပုံ။ မည်သည့်တပ်ရင်းဆိုသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
မတ်လ ၃ ရက်နေ့ AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသော ဓာတ်ပုံ။ မည်သည့်တပ်ရင်းဆိုသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာအရှေ့ဖက်ရှိ စစ်ကောင်စီ၏ ပွိုင့် (၂၅၇) စခန်းကို ရက္ခိုင့်တပ်တော်(AA) က ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

အဆိုပါစခန်းကို ယခုနှစ်၊ ဧပြီလ ၂ ရက်၊ နံနက် ၆ နာရီကျော်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ကလည်း ဒုတိယနေ့အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AA က ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူများကို အသုံးပြုပြီး အသည်းအသန် ခုခံကာကွယ်နေသကဲ့သို့ AA ကလည်း ထိုးစစ်အရှိန်ကို တစ်ဆင့်ချင်းမြှင့်လျက်ရှိသဖြင့် တိုက်ပွဲများပြင်းထန်နေကြောင်း ထုတ်ပြန်ထားသည်။

ပွိုင့် (၂၅၇) စခန်းသည် စစ်ကောင်စီ၏ ရှေ့တန်းအမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အောက်တွင်ရှိသော နည်းဗျူဟာ အမှတ်(၃) စခန်းဖြစ်သည်။

AA သည် မြေပုံမြို့အား ယခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဟု ကြေညာခဲ့သည်။ လက်ရှိတွင် မြေပုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လက်ကျန်စစ်စခန်းများကို အလုံးစုံ သိမ်းပိုက်နိုင်ရေးအတွက် AA က တိုက်ခိုက်နေခြင်းဖြစ်သည်။

မတ်လ ၂၈ ရက်ကလည်း မြေပုံမြို့နယ်၊ လီသွန်ကျေးရွာ အရှေ့မြောက်ဘက်ရှိ တောင်ကြောတွင် စစ်ကောင်စီ၏ အမှတ် (၃) နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုလက်အောက်ခံ၊ ခမရ (၅၆၃) တပ်ရင်းနှင့် AA တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...