ဒီးမော့ဆို အနောက်ခြမ်း စစ်ရှောင်တစ်နေရာမှာ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

ဒီးမော့ဆို အနောက်ခြမ်း စစ်ရှောင်တစ်နေရာမှာ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းက စစ်ရှောင်စခန်း တစ်နေရာမှာ အမိုးအကာနဲ့ ကျန်းမာရေးစောက်ရှောက်မှု လိုအပ်နေတယ်လို သိရပါတယ်။

အဆိုပါ စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာတွေပြတ်တောက်နေတာရှိနေသလို မိုးကာတွေ ပျက်စီးနေပြီ ဖြစ်တယ်လို စစ်ရှာင်ကူညီသူ တစ်ဦးကပြောပါတယ်။

“ စစ်ရှောင်တွေကို မိုးကာ အကူအညီတွေပေးနေတာ နောက်ဆုံး အောက်တိုဘာ၊ နိုဝင်ဘာ ဝန်းကျင်ကပါ။  ဒီနောက်ပိုင်းမှာ စားနပ်ရိက္ခာတွေပိုဦးစားပေးလုပ်ပေးကြတယ်။ မိုးကာကလည်း နေပူမိုးရွာဆိုရင် တစ်နှစ်ကို အနည်းဆုံး ၂ကြိမ်လဲရတယ်။ မဟုတ်ရင် ရေယိုတာတွေဖြစ်တယ်။ ဒေသတစ်ခုလုံးမှာ မိုးရာသီမတိုင်ခင် ပေးနိုင်ဖို့လိုနေတာပါ” လို့ သူကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့လ  စစ်ရှောင်စခန်းမှာ ဖျားနာမှုတွေ များရှိနေသလို ပြတဲ့ လက်က္ခဏာမှာ နှာစေး၊ ချောင်းဆိုတာတွေ ဖြစ်များနေပါတယ်။ လက်ရှိမှာ ဖျားနာမှုတွေ လျော့နည်းလာနေပေမဲ့ အဓိက လိုအပ်နေတဲ့ ဆေးဝါးတွေ နဲ့ စေတနာ ဝန်ထမ်းတွေအတွက် စားဝတ်နေရေး ငွေကြေးထောက်ပံကူညီမှု လိုအပ်နေတယ်လို့ သိရပါတယ်။

“အဓိက ကဆေးဝါး တွေလိုမယ်။ sustainable(ရေရှည်တည်တံ့) ဖြစ်တဲ့စနစ်တစ်ခု တည်ထောင်မယ်ဆိုရင်တော့ ကျန်းမာရေးဌာနမှာ အကူအညီပေးနေတဲ့ စေတနာ့ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းကူဖို့လိုပါလိမ့်မယ်။ လစာမပေးနိုင်ရင်တောင် ပုံမှန် အသက်ရှင်ရပ်တည်နိုင်လောက်တဲ့ ငွေကြေးအကူအညီတွေလည်း လိုပါတယ်။”လို့ စစ်ရှောင်ကူညီသူက ဆက်ပြောပါတယ် ။

စစ်ရှောင်းစခန်းတွေမှာ လက်ရှိ ရေရှားပါးဒဏ်ခံနေတဲ့အပြင် ရေသိုလှောင်ထားနိုင်ဖို့ နဲ့ စစ်ရှောင်တဲတွေအတွက်  မိုးကာတွေ ပိုမိုလိုနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ- KNDF
June 5, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲမှာ စစ်ကြောင်းထိုးခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့မတ်လနဲ့...
June 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ကျေးရွာတရွာမှာ ကယားရိုးရာ “လာလီခူ” လို့ အမည်ရတဲ့...
မေလ ၁၃ ရက်နေ့က ဒေါငံခါးမှာ စစ်ကော်မရှင်ကနေ သီလရှင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့မြင်ကွင်း
June 3, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ တစ်လအတွင်း ပြည်သူ့နေအိမ် နဲ့ ယာဉ်...
June 2, 2026
ပြီးခဲ့တဲ့ မေလ ၁လအတွင်း၊ ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်က ဘီလူးချောင်းမှာ ရေနစ်သေဆုံးမှုအပြင်...