ရခိုင်တွင် စစ်ကောင်စီလက်ချက်ကြောင့် တစ်လအတွင်း အရပ်သား ၁၈၀ နီးပါး သေဆုံးဒဏ်ရာရ

ရခိုင်တွင် စစ်ကောင်စီလက်ချက်ကြောင့် တစ်လအတွင်း အရပ်သား ၁၈၀ နီးပါး သေဆုံးဒဏ်ရာရ
မတ်လ ၁၈ ရက်က မင်းပြားမြို့နယ်၊ သာဒေ(မွတ်ဆလင်)ရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၂၂ ဦးနှင့် ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့သည်။
မတ်လ ၁၈ ရက်က မင်းပြားမြို့နယ်၊ သာဒေ(မွတ်ဆလင်)ရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၂၂ ဦးနှင့် ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့သည်။

ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် အရပ်သားများနေထိုင်ရာ မြို့/ရွာများကို လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူဦးရေမှာ တစ်နေ့တစ်ထက်နေ့ တိုးလာနေသည်။

DMG စာရင်းအရ ရခိုင်တွင် မတ်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားသေဆုံးသူ ၅၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂၂ ဦးထိရှိသည်။ (မြေပြင်အခြေအနေတွင် ယခုထက်ပိုများနိုင်သည်။)

သေဆုံးသူများမှာ မြောက်ဦးမြို့နယ်တွင် ၁၀ ဦး၊ မင်းပြားမြို့နယ်တွင် ၂၆ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၁ ဦး၊ မြေပုံ မြို့နယ်တွင် ၅ ဦး၊ ကျောက်ဖြူမြို့နယ်တွင် ၁ ဦး၊ ပေါက်တောမြို့နယ်တွင် ၄ ဦး၊ ရမ်းဗြဲမြို့နယ်တွင် ၂ ဦးနှင့် စစ်တွေမြို့နယ်တွင် ၅ ဦး ဖြစ်သည်။

ဒဏ်ရာရသူများမှာ မြောက်ဦးမြို့နယ်တွင် ၁၉ ဦး၊ မင်းပြားမြို့နယ်တွင် ၃၈ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၂၈ ဦး၊ မြေပုံမြို့နယ်တွင် ၁၆ ဦး၊ ကျောက်ဖြူမြို့နယ်တွင် ၁ ဦး၊ ရမ်းဗြဲမြို့နယ်တွင် ၄ ဦး၊ စစ်တွေမြို့နယ်တွင် ၁၂ ဦးနှင့် ရသေ့တောင်မြို့နယ်တွင် ၄ ဦး ဖြစ်သည်။

ယခုစာရင်းအရ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် မြေပုံမြို့နယ်တို့အတွင် အရပ်သား သေဆုံး၊ ဒဏ်ရာရရှိမှု အများဆုံးဖြစ်ကြောင်း တွေ့ရသည်။

ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက “စစ်ကောင်စီမှာ အရပ်သားတွေ၊ အရပ်သားနေအိမ်တွေဖြစ်တယ် ဆိုပြီး အသိစိတ်မရှိတော့ဘူး။ နိုင်ငံတကာစစ်ဘက်ဆိုင်ရာဥပဒေကိုလည်း မလိုက်နာ မထိန်းသိမ်းတော့ဘဲ စစ်ရှုံးရင်း ရူးမိုက်မိုက်နေတာ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ဖို့လိုတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲလေးလကျော်အတွင်း ရခိုင်ဒေသတွင် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ မြို့နယ်အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ရယူထားသည်။

AA က သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှု နေ့စဉ်ရှိနေသည်။

“စစ်ကောင်စီက သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့ နေရာတွေကို ဒီလိုမျိုးလုပ်နေအုံးမှာပဲ။ လွယ်လွယ်နဲ့ လက်လွှတ်မှာမဟုတ်ဘူး။ မစားရတဲ့အမဲ သဲနဲ့ပတ်ဆိုသလို နည်းမျိုးစုံနဲ့ဒုက္ခပေးနေမှာ” ဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး လက်ရှိတွင် မောင်တော၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး AA က စစ်အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ကျောက်ဖြူ၊ တောင် ကုတ်စသည့် တောင်ပိုင်းမြို့နယ်တို့တွင်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ရေးတင်းမာနေသည်။

ကျောက်ဖြူခရိုင်တရားရုံးကို ၂၀၂၂ ဇွန်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 6, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ဖမ်းဆီးခံရသည့် စက်လှေပိုင်ရှင်နှင့် ခရီးသည် ၁၃...
July 4, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က...
July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...
မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 2, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင်...