စစ်ကောင်စီနှင့် ရုရှား ပူးပေါင်း၍ စစ်ရေးဆောင်ရွက်ချက်များ အကြိမ်ရေ ၅၀ ကျော် ပြုလုပ်သွားရန်ရှိ

စစ်ကောင်စီနှင့် ရုရှား ပူးပေါင်း၍ စစ်ရေးဆောင်ရွက်ချက်များ အကြိမ်ရေ ၅၀ ကျော် ပြုလုပ်သွားရန်ရှိ
ဓာတ်ပုံ - Russia Defense Ministry
ဓာတ်ပုံ - Russia Defense Ministry

ရုရှားနှင့် မြန်မာစစ်တပ်တို့သည် ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ အကြိမ်ရေ ၅၀ ကျော် ပြုလုပ်သွားရန်ရှိသည်ဟု ရုရှား ကာကွယ်ရေးဒုတိယဝန်ကြီး အယ်လက်ဇန်ဒါဖိုမင်က ပြောကြားကြောင်း တက်စ် (TASS) ရုရှားသတင်းဌာနက ဖော်ပြသည်။

“ရုရှားနဲ့ မြန်မာစစ်တပ်တို့အကြား ဆက်ဆံရေးတွေ တိုးမြှင့်ဆောင်ရွက်သွားဖို့အတွက် ခိုင်မာတဲ့ အကြောင်းရင်းခံတွေ ရှိပါတယ်။ ဒီနှစ်ထဲမှာ နှစ်ဘက်အပြန်အလှန် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ အကြိမ်ရေ ၅၀ ကျော် ကျင်းပသွားဖို့ရှိပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ဖိုမင်က ပြောကြားခဲ့သည်။

ပူးပေါင်းဆောင်ရွက်မှုများတွင် နှစ်ဘက်တပ်ဖွဲ့များ၏ စစ်ဆင်ရေးနှင့် စစ်ရေးလေ့ကျင့်မှု လုပ်ငန်းစဉ်များ ပါဝင်မည်ဟု ရုရှားသတင်းဌာန RIA ၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာသည် ယခုနှစ်အတွင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကျင်းပလျက်ရှိသည့် အခမ်းအနားများကိုလည်း ရာထူးကြီးကိုယ်စားလှယ်များ ပုံမှန် တက်ရောက်လေ့ရှိသည်ကို မော်စကိုက အသိအမှတ်ပြုသည်ဟုလည်း လက်ထောက်ဝန်ကြီးက ပြောကြားကြောင်း တက်စ်တွင် ဖော်ပြထားသည်။

နေပြည်တော်သို့ ရောက်ရှိနေသည့် ဒုဝန်ကြီးဖိုမင်သည် မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားက ချီးမြှင့်သည့် ‘နိုင်ငံတကာ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ဆုတံဆိပ်’ ကို ပေးအပ်ခဲ့သည်ဟုလည်း မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည့် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်ခေါင်းဆောင်များကို ရုရှားက ထောက်ခံအားပေးနေခြင်းသည် လက်ခံနိုင်ဖွယ်ရာ မရှိသလို လက်နက်များ ထောက်ပံ့နေခြင်းသည် မြန်မာ့ပဋိပက္ခကို မီးလောင်ရာလေပင့် ဖြစ်စေလျက်ရှိသည်ဟု အမေရိကန်အစိုးရက သတိပေးထားသည်။

မြန်မာစစ်တပ် ရုရှားထံမှ Su-30SME တိုက်လေယာဉ် ခြောက်စီးဝယ်ယူရန် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စာချုပ်ချုပ်ဆိုခဲ့သည်ဟု RIA  သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဝယ်ယူထားသည့်ထဲက ပထမအသုတ်အဖြစ် Su-30 နှစ်စီးကို ၂၀၂၃ စက်တင်ဘာလတွင် မြန်မာက လက်ခံရရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...