သံတွဲမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲ

သံတွဲမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲ

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ဒေါ်မြကျေးရွာအနီး တောင်တန်းတလျှောက်ကို ယနေ့ မတ်လ ၂၀ ရက်၊ နေ့လည် ၁ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့သည့်နေရာမှာ သံတွဲနှင့် တောင်ကုတ် မြို့နယ်စပ်ဒေသဖြစ်သည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့ခြင်းဟု ဒေသခံအမျိုးသားတစ်ဦးက DMG ကို ပြောသည်။

“ပေါက်ကွဲသံ လေးကြိမ်လောက်ကြားလိုက်ရတယ်။ ဒေါ်မြရွာအနီးက တောင်တန်းတွေကို ပစ်ခဲ့တ”ဟု သူက ဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိ/မရှိကို အသေးစိတ် မသိရသေးသော်လည်း ဒေသခံများမှာ အသက်အန္တရာယ် ထိခိုက်လာမည်နှင့် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

“လက်နက်ကြီးသံကြားတော့ ဒေသခံတွေက စိုးရိမ်နေကြတယ်။ တိုက်ပွဲဖြစ်လာမှာကိုတော့ညအတော်လေး ကြောက်နေကြတယ်” ဟု သံတွဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တောင်ပိုင်းတွင် ပထမဆုံးတိုက်ပွဲဖြစ်ပွားရာဒေသ ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော်(AA)က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှ စကာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ယခုနှစ် မတ်လ ၁၁ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။ ယင်းနောက် စစ်ကောင်စီသည် ရခိုင်တောင်ပိုင်းတွင် စစ်အင်အားနှင့် တပ်စခန်းများတိုးချဲ့ခြင်း၊ လုံခြုံရေးတင်းကျပ်ခြင်းများကို ပို၍လုပ်ဆောင်လာသည်။

ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “AA ဟာ စစ်ကောင်စီ တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်နေတယ်။ အခုဆိုရင် ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့နယ်ကိုလည်း သိမ်းထားပြီ။ AA က ကျန်တဲ့ မြို့နယ်တွေကိုလည်း သိမ်းပိုက်နိုင်ဖို့ ကြိုးစားလာမှာပဲ။ ဒါကြောင့် စစ်ကောင်စီက စစ်ရေးအရ ကြိုတင် ပြင်ဆင်မှုတွေလုပ်နေတယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က စတင်သည့် စစ်ကောင်စီနှင့် AA တိုက်ပွဲကာလအတွင်း စစ်ကောင်စီ ထိန်းချုပ်ရာ မြို့များအပါအဝင် တပ်စခန်းများကို AA က ပိတ်ဆို့ကာ ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခြင်းနေသည်။

လက်ရှိတွင် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားသည်။

စစ်ကောင်စီကလည်း AA ထိန်းချုပ်ရာ ဒေသများအပါအဝင် ရခိုင်က မြို့/ရွာများကို လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေ၍ အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာနေသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...