စစ်ကောင်စီ ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်း ( Grade – 12 ) စာမေးပွဲ ကရင်နီပြည်မှာ မပြုလုပ်နိုင်

စစ်ကောင်စီ ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်း ( Grade – 12 ) စာမေးပွဲ ကရင်နီပြည်မှာ မပြုလုပ်နိုင်

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်း( Grade – 12 ) စာမေးပွဲကို စစ်ကောင်စီက မတ်လ ၁၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပနေပေမယ့် မြို့နယ်အလိုက် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ စာစစ်ဌာနတစ်ခုမျှ မပြုလုပ်နိုင်ခဲ့ပါဘူး။

စာစစ်ဌာနမရှိတဲ့ ကရင်နီပြည်မှာတော့ ကျောင်းသားတချို့ဟာ နီးစပ်တဲ့ ရှမ်းပြည်နယ်အတွင်းမှာ သွားရောက်ဖြေဆိုတာမျိုးတွေ ရှိနေပါတယ်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့အတွက် ဖောင်တွေ ဖြည့်ထားခဲ့ပေမယ့် စစ်ဘေးရှောင်လိုက်ရတာကြောင့် စာမေးပွဲမဖြေဆိုတော့တဲ့ ကျောင်းသားတွေလည်း ရှိနေပါတယ်။

“ဖြေရုံပဲရှိတယ်။ ဒါပေမယ့် အခြေအနေက ဒီလိုတွေပဲဖြစ်နေတော့ မဖြေဖြစ်ဘူး။ စနစ်သစ်နဲ့ဖြေတယ်။ နည်းနည်းကွာတယ်။ တက္ကသိုလ်တွေနဲ့ တူတယ်လို့ ဆရာမတွေက ပြောထားတယ်။” လို့ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ဘေးရှောင်နေတဲ့ ကျောင်းသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ သူမရဲ့ ကျောင်းနေဖက် သူငယ်ချင်းတချို့ကတော့ ရှမ်းပြည်နယ်ရဲ့ မြို့နယ်တချို့မှာ တက္ကသိုလ်ဝင်တန်း ( Grade – 12 ) စာမေးပွဲကို ဖြေဆိုနေတယ်လို့ ဆိုပါတယ်။ လက်ရှိ စစ်ကောင်စီ ကျင်းပနေတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စနစ်သစ်နဲ့ ပုံစံပြောင်းထားပြီး သင်ရိုးသစ်၊ မေးခွန်းပုံစံအသစ်နဲ့ ဖြေဆိုရတယ်လို့ သိရပါတယ်။

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ မြန်မာစာ ဖြေဆိုတဲ့ ပထမရက်မှာ တစ်နိုင်ငံလုံးက ကျောင်းသူ/သား ပေါင်း (၁၂၈၈၀၁) ဦး ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ စစ်ကောင်စီပိုင် သတင်းဌာနကနေ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ကရင်နီပြည်မှာ အထက(၁) လွိုင်ကော်၊ အထက ဘောလခဲ၊ အထက ဖားဆောင်း၊ အထက မယ်စဲ့တို့ကနေ စာစစ်ဌာန ၄ ခုရှိခဲ့ပြီး ဝင်ရောက်ဖြေဆိုသူ (၉၂၁)ဦးရှိခဲ့ပါတယ်။

လက်ရှိ ၁ လေးလုံးစစ်ဆင်ရေးဆင်နွဲနေတဲ့ ကရင်နီပြည်ရဲ့ မြို့တော်ဖြစ်တဲ့ လွိုင်ကော်မြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားမလည်ပတ်နိုင်တော့သလို တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ တခြားပြည်နယ်တွေဖြစ်တဲ့ ချင်း၊ ရှမ်း( မြောက် ) နဲ့ ရခိုင်ပြည်နယ်မှာလည်း စာမေးပွဲဖြေဆိုမှုစာရင်းတင်သွင်းထားပြီး ဖြေဆိုမှု ပျက်ကွက်တဲ့ ကျောင်းသားဦးရေ ထက်ဝက်ကျော်ရှိနေတယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဌာနထံကနေ သိရပါတယ်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...