မြန်မာနယ်ခြားစောင့် ၁၇၇ ဦး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံလာ

မြန်မာနယ်ခြားစောင့် ၁၇၇ ဦး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံလာ
Ref: Dhaka Tribune and Photo: Financial Express
Ref: Dhaka Tribune and Photo: Financial Express

မောင်တောမြို့နယ်မြောက်ပိုင်းမှ စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ ၁၇၇ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထပ်မံ ထွက်ပြေးခိုလှုံလာခဲ့ကြသည်ဟု သတင်းရရှိသည်။

၎င်းတို့ ၁၇၇ ဦးအထဲတွင် ၂၉ ဦးသည် မတ် ၁၁ ရက် နံနက် ၉ နာရီခန့်ကလည်းကောင်း၊ နောက်ထပ် ၁၄၈ ဦးသည် ညနေ  ၄ နာရီတွင်လည်းကောင်း ထွက်ပြေးခိုလှုံလာခဲ့ကြသည်ဟု သိရသည်။

၎င်းတို့သည် ရက္ခိုင့်တပ်တော်( AA)နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကြားကနေ ကြောက်လန့် ထွက်ပြေး လာကြသူများဖြစ်ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်( ရွာတော်ခရိုင်)၊ နတ်ကျောက်ဆရီ မြို့နယ်အတွင်း ခိုလှုံလာကြသူများဖြစ်ကြသည်။

ပထမ ၂၉ ဦးသည် နယ်စပ် Ashartali border မှလည်းကောင်း၊ နောက်ထပ် ၁၄၈ ဦးသည် နယ်စပ် Jamchari border မှလည်းကောင်း ဝင်ရောက်လာကြသူများဖြစ်ကြသည်ဟု သိရသည်။

တိုက်ပွဲအတွင်း နတ်ကျောက်ဆရီမြို့နယ်အမှတ် (၈) တိုက်နယ် အုပ်ချုပ်ရေး အဖွဲ့ဝင် ဆာဘာအာမတ် (၄၃) နှစ်သည် မြန်မာဘက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲမှ ပစ်ခတ်လိုက်သည့် ကျည်ဆံ ခြေထောက်ကိုထိမှန်၍ ဆေးရုံတင်ထားရသည်ဟု ဘင်္ဂလာသတင်းများတွင် ဖော်ပြသည်။

ပြီးခဲ့သည့်လကလည်း ရခိုင်ပြည်နယ် မောင်တော မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင် ၃၃၀ သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး ခိုလှုံခဲ့ကြပြီး ၎င်းတို့ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် မြန်မာသို့ ပြန်ပို့ခဲ့သည်။

ရက္ခိုင်တပ်တော် တိုက်ခိုက်ရေးသမားများသည် မကြာသေးမီက မြန်မာနယ်စပ်ဒေသကို သိမ်းပိုက်ခဲ့ပြီး အစိုးရတပ်များကို ပြည်နယ်တွင်းရှိ အခြားနေရာများမှ ဖယ်ရှားရန် ကြိုးပမ်းလျက်ရှိသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်မှ ယမန်နေ့ မတ်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အထဲတွင် “ မောင်တောမြို့နယ် မြောက်ဘက်ရှိ အောင်သပြေ၊ နယ်ခြားစောင့်တပ်စခန်းမှ စခန်းစွန့်လာကြသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့သည် မတ်လ (၁၀) ရက်၊ ညနေ (၄) နာရီကတည်းကပင် တိုက်ပွဲများ ဖြစ်ပွား နေခဲ့ပြီး ယနေ့တွင်လည်း မိမိတို့၏ ဖြတ်တောက်ဝိုင်းရံပိတ်ဆို့ထားမှုများကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်” ဟု ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်မှလည်း အဆိုပါစစ်ကြောင်းများကို လိုက်လံချေမှုန်းတိုက်ခိုက်သောကြောင့် စခန်းစွန့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ခိုးဝင်ဖြတ်ကျော် ထွက်ပြေးသွားခဲ့ကြသည်ဟု ဆိုသည်။

ယခုအချိန်အထိ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်နေသူ နယ်ခြားစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာကျော်အထိ ရှိနိုင်ပြီး အသေးစိတ်သိရှိရပါက ထပ်မံတင်ပြပေးသွားပါမည် ဟုလည်း ဖော်ပြထားသည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...