စစ်ရှောင်များအား ပအိုဝ်းပြည်သူ့စစ်က စစ်မှုထမ်းရန် ခေါ်ဆိုမှုများရှိနေ

စစ်ရှောင်များအား ပအိုဝ်းပြည်သူ့စစ်က စစ်မှုထမ်းရန် ခေါ်ဆိုမှုများရှိနေ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ထဲက ပင်စုံကျေးရွာတွင် စစ်ဘေး ရှောင်နေရသည့် ပြည် သူများအား ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA)က စစ်မှုထမ်းရန် အဓမ္မခေါ်ယူမှုများ ရှိနေသည် ဟု ဒေသခံများက ပြော သည်။

PNA မှ ရပ်ဝေးရောက် စစ်ဘေးရှောင်များအား စစ်မှုထမ်းဆောင်ရန် မတ်လ ၁ ရက်နေ့မှစ၍ အမိန့်စာဖြင့် ဆင့် ခေါ်ခဲ့ပြီး လာရောက် ထမ်းဆောင်ခြင်း မရှိသူများအား ငွေကျပ် ၄၀၀,၀၀၀ ပေးဆောင်ရန် သတ်မှတ်ထား သည် ဟု ဆိုသည်။

ဝါးခြာကျေးရွာနေ အမျိုးသမီး တစ်ဦးက “ကျမတို့က လုံခြုံတဲ့ တစ်နေရာမှာ စစ်ရှောင်နေတာ ကြာပြီ။ အခု လည်း ဘယ်လို လုပ်ရမလဲ ခေါင်းကိုက်နေတယ်။ စစ်မှုမထမ်းနိုင်ရင် ငွေလည်း ပေးရမယ်။ မပေးနိုင်ရင် အိမ် တွေလည်း သိမ်းမယ်လို့ ပြောနေတယ်။ ဒီကာလက စစ်ရှောင်တာတောင် ငတ်နေကြတာ။ ၄ သိန်းကတော့ ဘယ်သူမှ မပေးနိုင်ပါဘူး” ဟု ပြောသည်။

ပင်စုံကျေးရွာအုပ်စုရှိ ဝါးခြာ၊ နန်းဩ၊ ပင်တီ စသည့်ကျေးရွာနေ ပြည်သူများမှာ ဖေဖော်ဝါရီလလယ်ခန့်မှ စ၍ စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာများအတွက် အကူအညီလိုအပ်နေကြသည်။

ထို့ကြောင့် လတ်တလောတွင် ငွေကြေးမထည့်ဝင်နိုင်သည့် အပြင် နေအိမ်များ သိမ်းဆည်းခံရမည့် အရေးကို လည်း စိုးရိမ်ပူပန်နေကြသည်။

ပင်တီကျေးရွာနေ အသက် ၆၀ အရွယ် အမျိုးသား တစ်ဦးက “ပထမအကြိမ် စစ်မှုထမ်း ခေါ်ကတည်းက လူငယ် တွေ မရှိကြတော့ဘူး။ အကုန်ပြေးကုန်ကြပြီ။ တော်တော်များများ ထိုင်းရောက်ကုန်တာပေါ့။ ဒါပေမယ့် သူတို့ က လွတ်သွားတာ မဟုတ်ဘူး။ လတိုင်း ပိုက်ဆံလွှဲပေးရတယ်။ ၅ သာင်းကနေ ၃ သိန်း အစားစားပေါ့။ လူမ လိုက်ချင်လို့ ပိုက်ဆံပေးတဲ့ သဘောပေါ့” ဟု ပြောသည်။

လတ်တလော စစ်မှုထမ်းရန် ခေါ်ယူခြင်း ခံရသူများအား တပတ်ကြာ စစ်သင်တန်း ပေးသွားမည်ဖြစ်ပြီး လူများ ကို စိစစ်ရွေးချယ်၍ ရှေ့တန်း စစ်မြေပြင်သို့ စေလွှတ်သွားမည်ဟု PNA နှင့် နီးစပ်သူများက ပြောသည်။

ဆီဆိုင်တိုက်ပွဲ စတင်သည့် ဇန္နဝါရီလ နောက်ဆုံးအပတ်မှစ၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားများအား စစ်မှုထမ်းရန် PNA မှ အမိန့်ထုတ်ထားပြီး အချို့ကျေးရွာ များတွင် သားဖြစ်သူကိုယ်စား ဖခင်က ဝင်ရောက် စစ်မှုထမ်းပေးနေရသည်များလည်း ရှိသည်ဟု ဒေသခံပြည်သူ အချို့က ပြောသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...