ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် သိမ်းပိုက်

ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် သိမ်းပိုက်

ရခိုင်ပြည်၊ ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် (AA)သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သားများ ရမ်းဗြဲမြို့ကို စစ်ကူ၊ လက်နက်၊ ရိက္ခာများ မပို့နိုင်ရန် ရက္ခိုင့်တပ်တော်က ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သိမ်တောင်ပေါ်တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီတပ်သားများ ကလိန်တောင်မြစ်အတွင်းရှိ ဇက်နေဗီသို့ ဆင်းပြေးကြစဥ် ယမန်နေ့ မတ်လ ၆ ရက်၌ AA က အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောသည်။

"ရမ်းဗြဲမှာ စစ်ကောင်စီက လက်နက်၊ ရိက္ခာနဲ့ စစ်ကူမပေးနိုင်တော့ဘူး။ အေအေက အကုန်ပိတ်ဆို့ ဖြတ်တိုက်တော့ သိမ်တောင်ပေါ်က လက်ကျန်တပ်သားတွေလည်း နေဗီရှိတဲ့ဘက်ကို ဆင်းပြေးကြတယ်။ နောက်ဆုံးကျန်တဲ့အကောင်တွေနဲ့တိုက်ပွဲဖြစ်ပြီး ကျည်ကုန်မှ လက်နက်ချတယ်လို့ သိရပါတယ်" ဟု ပြောသည်။

ရမ်းဗြဲမြို့ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၈ ရက်မှစတင်ကာ အေအေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်လကျော်အကြာတွင် ရမ်းဗြဲမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိမှာ ရမ်းဗြဲမြို့တွင် စစ်ကောင်စီ ကင်းစင်သွားပြီဟု ၄င်းက ဆက်ပြောသည်။

"အခုတော့ ရမ်းဗြဲမြို့ပေါ်မှာ စစ်သားတွေမရှိတော့ဘူး"ဟု ပြောသည်။

သို့သော် ကလိန်တောင်မြစ်ရှိ နေဗီများမှ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ၊ လေကြောင်းမှ လာရောက်ဗုံးကြဲမှုများရှိနေသေးကြောင်း သိရသည်။

ရမ်းဗြဲမြို့အား ရက္ခိုင့်တပ်တော် သိမ်းပိုက်ရရှိမှုနှင့် ပတ်သက်၍ အေအေပြောခွင့်ရသူ ဦးခိုင်သုခက စစ်ဘက်ဆိုင်ရာလုံခြုံရေးအရ ထုတ်ဖော်ပြောဆို၍ မရနိုင်သေးကြောင်း ပြောသည်။

ရမ်းဗြဲမြို့သည် လေကြောင်းတိုက်ခံရမှုအများဆုံးမြို့ဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် မီးလောင်မှုအကြိမ်ကြိမ်ဖြစ်ပွါးခဲ့သလို ပေါက်တောမြို့ပြီးလျှင် ထိခိုက်ပျက်စီးမှုအများဆုံး မြို့ဖြစ်ကြောင်း AA ကပြောဆိုထားသည်။ 

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...