ကျောက်ဖြူမြို့သို့ စစ်ကောင်စီအင်အား ၁၀၀ ကျော် ထပ်မံပို့ဆောင်အင်အားဖြည့်

ကျောက်ဖြူမြို့သို့ စစ်ကောင်စီအင်အား ၁၀၀ ကျော် ထပ်မံပို့ဆောင်အင်အားဖြည့်
ဓာတ်ပုံ- ပုံဟောင်း/Ramree.com
ဓာတ်ပုံ- ပုံဟောင်း/Ramree.com

စစ်ကောင်စီက တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့ကို စစ်ကောင်စီက စစ်အင်အား ဖြည့်တင်းနေပြီး ယမန်နေ့က တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို လေယာဥ်နှစ်စီးဖြင့် ပို့ဆောင် ဖြည့်တင်းခဲ့ကြောင်းမျက်မြင်မြို့ခံသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့မတ်လ ၅ ရက်၊ မွန်းလွဲပိုင်း ၁၂ နာရီခွဲတွင် ထောက်ပို့စစ်လေယာဥ်တစ်စီး၊ နေ့လယ် ၁ နာရီခွဲတွင် နောက်ထပ် ထောက်ပို့စစ်လေယာဥ်တစ်စီးတို့ ကျောက်ဖြူလေဆိပ်မှ တစ်ဆင့် အင်အား ဖြည့်ရန် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံစစ်ရေး သတင်းရင်းမြစ်တစ်ဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

"မှော်ဘီနဲ့ နေပြည်တော် အထူးစစ်ဆင်ရေးအဖွဲ့ကလို့ သိရပါတယ်။ အင်အားက ၁၀၀ ကျော်လောက်ကို မနေ့က လေယာဥ်နဲ့ပို့လာတယ်။ ကျောက်ဖြူလေဆိပ်ကို ထောက်ပို့စစ်လေယာဥ်နဲ့ပို့တာ။ လေယာဥ်နှစ်စီးဆင်းတယ်။ မနေ့က " ဟု ပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကျောက်ဖြူမြို့အခြေစိုက် ခမရ ၅၄၂ နှင့် ခလရ ၃၄ တပ်ရင်းများသို့ပို့ဆောင်ထားကြောင်းလည်း သူကပြောသည်။

" အဲဒီတပ်ဖွဲ့ဝင်တွေကို ၃၄ တပ်ရင်းနဲ့ ၅၄၂ တပ်ရင်းနှစ်ခုခွဲပြီးပို့ထားတယ်လို့သိရတယ်" ဟု ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက် ၈ နာရီခန့်ကစတင်ကာ ကျောက်ဖြူမြို့နှင့် ၇ မိုင်ခန့်အကွာ ကုလဘာကျေးရွာအုပ်စုရှိ ၊ ငှက်ပျောချောင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲနှစ်ရက်ကျော်အကြာ ပြင်းထန်ခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းဗုံးကြဲ၊ နေဗီနှင့်တပ်ရင်းများမှ လက်နက်ကြီး ပစ်ကူပေးခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး ရာဂဏန်းနီးပါး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများကပြောသည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...