ရခိုင်တွင် အပစ်အခတ်ရပ်စဲရန် ဆွေးနွေးခြင်းမရှိကြောင်း AA ပြော

ရခိုင်တွင် အပစ်အခတ်ရပ်စဲရန် ဆွေးနွေးခြင်းမရှိကြောင်း AA ပြော

ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မတ်လ ၄ ရက် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင်ပြောကြားသည်။

“အခု ကျွန်တော်တို့ ဟိုင်ဂင်ကိစ္စကိုပဲဆွေးနွေးတယ်ဆို‌တော့ ဟိုင်ဂင်ထဲမှာက ရှမ်းမြောက်မှာရှိတဲ့ AA နဲ့ပဲ သက်ဆိုင်နေတယ်။ ရခိုင်ဒီဘက်မှာရှိတဲ့ AA က မပါဘူး”ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌တွေ့ဆုံခဲ့ပြီး ဟိုင်ဂင်သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား တရုတ်နိုင်ငံ၏ စေ့စပ်မှုဖြင့် တွေ့ဆုံဆွေးနွေးနေသည်မှာ သုံး၊ လေးကြိမ်ခန့်ရှိပြီဖြစ်ကြောင်း AA ကပြောသည်။

“ကျွန်တော်တို့ အခုအစည်းအဝေးတိုင်းက ဟိုင်ဂင်ရဲ့ အရင်သဘောတူညီချက်တွေကို ဆက်လက်ဆွေး နွေးနေပါတယ်။ ပြီးရင် အပစ်အခတ်ရပ်စဲရေးခိုင်မာဖို့ ဆက်လက်လုပ်နေပါတယ်။ နောက်တခုကတော့ အရင်သဘောတူညီချက်ထဲမှာပါခဲ့သလိုပဲ အထူးသဖြင့် တရုတ်-မြန်မာနယ်စပ် ဆက်စပ်တဲ့ကိစ္စရယ်၊ ကျားဖြန့်လုပ်ငန်းတွေ ဆက်ပြီးမရှိဖို့ကိစ္စရယ်၊ ပြီးရင် နယ်စပ်ဒေသထွက်ပေါက်တွေ ဘယ်လိုပုံစံမျိုးနဲ့ လုပ် မလဲ။ အဲဒီလိုမျိုးတော့ ရှိတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း၌ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစတင်ကာ တကျော့ပြန်တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပြီး လက်ရှိတွင် AA က ကျောက် တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို ထိန်းချုပ်ထားကာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များရှိ စစ်ကောင်စီစခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သော MNDAA ၊ TNLA နှင့် AA တို့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ပေါင်း ၁၂ မြို့ထက် မနည်းနှင့် စစ်ကောင်စီတပ်စခန်းပေါင်း ၃၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...