အရပ်ဘက်-စစ်ဘက်မခွဲခြားသည့် တိုက်ခိုက်ခြင်းမျိုးသည် စစ်ရာဇဝတ်မှုမြောက်သည်ဟု AI ပြော

အရပ်ဘက်-စစ်ဘက်မခွဲခြားသည့် တိုက်ခိုက်ခြင်းမျိုးသည် စစ်ရာဇဝတ်မှုမြောက်သည်ဟု AI ပြော

ရခိုင်ပြည်၊ မြို့တော်စစ်တွေတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ လူ ၁၃ ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရရှိခဲ့သည်။

၎င်းပစ်ခတ်မှုနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က သတင်းထုတ်ပြန်ရာတွင် အရပ်ဘက်-စစ်ဘက်မခွဲခြားသည့် တိုက်ခိုက်ခြင်းမျိုးသည် စစ်ရာဇဝတ်မှု မြောက်သည်ဟု ဖော်ပြပါရှိသည်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ၏ ထုတ်ပြန်ချက်အထဲတွင်  "ယမန်နေ့ ဖေဖော်ဝါရီ (၂၉)ရက် မနက်ပိုင်း လူစည်ကားချိန်တွင် စစ်တွေမြို့မစျေးတွင်းသို့ မြန်မာစစ်တပ်၏ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းဌာနများမှ တဆင့်သိရှိရသည်။ အဆိုပါဖြစ်စဥ်ကြောင့် အသက်ဆုံးရှုံးရသူ အသက်(၂)နှစ်အရွယ်ကလေးငယ်အပါအဝင် (၁၂) ဦးထိရှိလာပြီဖြစ်သည်။ ထိုသို့ အရပ်ဘက်-စစ်ဘက်မခွဲခြားသည့် တိုက်ခိုက်ခြင်းမျိုးသည် စစ်ရာဇဝတ်မှုမြောက်သည်” ဟု ဆိုသည်။

ရခိုင်ပြည်မြို့တော် စစ်တွေမြို့မစျေးကြီးအနီးရှိ ပျံကျစျေးတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျ၍ သေဆုံးသူ ၁၃ ဦးနှင့် ဒဏ်ရာရရှိသူ ၂၉ ဦးရှိကြောင်း နိရဉ္စရာက စုံစမ်းသိရှိရပါသည်။

သေဆုံးသူများမှာ ဒေါ်အေးမြသန္တာကျော် အသက်(၂၇)နှစ်၊ ရွာကြီးမြောက် ရပ်ကွက်မှ ကိုသန်းထွန်းအောင် အသက်(၂၁)နှစ် ၊ ကသဲရပ်ကွက် အကွက်(၄)မှဒေါ်စိန်အေး အသက်(၄၆)နှစ် နှင့် ဒေါ်မသန်းဌေး အသက်(၄၅)နှစ်၊ မင်းဂံရပ်ကွက်မှ ဦးဇော်နိုင် အသက် (၄၈)နှစ်နှင့် မနန္ဒာဝင်း အသက် (၂၃)နှစ်၊ ကျောင်းတက်လမ်းရပ်ကွက်မှ ဦးအောင်ကျော်သိန်း အသက်(၆၄)နှစ်၊ မြောက်စံပြရပ်ကွက်မှ ဒေါ်ရွှေယဉ်မ အသက်(၄၈)နှစ်နှင့် ဦးကျော်လင်း အသက်(၄၂)နှစ်၊ကျောင်းတက်လမ်းရပ်ကွက်မှ ဦးဘသိန်းမောင် အသက်(၅၈)နှစ်၊ ဘာဆရာ ရွာမှ ကိုမာမတ်ဟူဆောင်း အသက်(၂၀)၊ ကုန်တန်း ရပ်ကွက်မှ မာဂျီတာဘေကေ အသက်(၃၅)၊ ဇောဘူဂျာရွာမှ ကိုမောင်မင်းကိုထွန်း အသက်(၁၈)နှစ်တို့ ဖြစ်ကြောင်း သိရှိရသည်။

April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...