မင်းတပ်မြို့နယ်အတွင်း ခွင့်ပြုချက်ရမှ သွားလာကြရန် CDF (မင်းတပ်) ထုတ်ပြန်

မင်းတပ်မြို့နယ်အတွင်း ခွင့်ပြုချက်ရမှ သွားလာကြရန် CDF (မင်းတပ်) ထုတ်ပြန်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ထိန်းချုပ်နယ်မြေအတွင်း သွားလာလှုပ်ရှား သူများအနေဖြင့် အဖွဲ့ထံမှ ခွင့်ပြုချက် ရပြီးမှသာသွားလာကြရန် ယမန်နေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်(မင်းတပ်) -CDF က သတိပေး ထုတ်ပြန်ထားသည်။

ယခင်က စစ်ကောင်စီတပ်မှလွဲ၍ အခြားသောအဖွဲ့အစည်းယူနီဖောင်းဝတ်သူများအားလုံးကို ဝင်ထွက်သွားလာခွင့် ပေး ထားရာမှ လက်ရှိတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့်အပြင် တော်လှန်ရေးသည်လည်း အရှိန်မြင့်လှချိန် စည်းလုံးနေသည့် လက်နက်ကိုင်အချင်းချင်းအကြား မလိုအပ်ဘဲ ပဋိပက္ခမဖြစ်ရန် ကြိုတင်ကာကွယ်သည့် သဘောမျိုးသာဖြစ်ကြောင်း CDF-Mindat ဗဟိုကော်မတီအတွင်းရေးမှူး ဆလိုင်းဟာအွမ်က ပြောသည်။

၎င်းက “ကျနော်တို့မြို့နယ်မှာ ဂိတ်တွေမှာဆိုလည်း စကစမဟုတ်ဘဲ ပြောက်ကျားယူနီဖောင်းနဲ့ သေနတ်နဲ့ဆိုရင်လည်း ကျနော်တို့ ဝင်ထွက်သွားလာခွင့်ပြုလာခဲ့တယ်။ အခုကျတော့ ကျနော်တို့ရဲ့ လုံခြုံရေးစည်းမျဉ်း ကိုတစ်ဆင့် တိုးလိုက်တဲ့ သဘောပါ။ တော်လှန်ရေးအရှိန်က နည်းနည်းမြင့်လာတဲ့အခါမှာ ချင်းပြည်နယ် တချို့ဒေသတွေမှာ မလိုအပ်ပဲ လက်နက် ကိုင်အချင်းချင်း ပဋိပက္ခ ဖြစ်တာတွေရှိတယ်။ မင်းတပ်မြို့ရဲ့စည်းလုံးမှုကို ပြိုကွဲတာမျိုးတွေလည်း မလုပ်ချင်ဘူး။ မလို အပ်တဲ့ လက်နက်ကိုင် ဘေးထွက်ဆိုးကျိုးတွေမဖြစ်အောင် ကြီးကြပ်လိုက်တဲ့သဘောပါပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ခွင့်ပြုထားသည့် မဟာမိတ်အဖွဲ့ အစည်းမှလွဲ၍ CDF-Mindat ၏ခွင့်ပြု ချက်မ ရှိဘဲ လက်နက်ကိုင်ဆောင်ပြီး ဝင်ထွက်သွားလာခြင်း၊ တပ်ရင်းတပ်ဖွဲ့များဖွဲ့စည်းခြင်း၊ စခန်းချခြင်းနှင့် CDF −Mindat ပြိုကွဲရေးအတွက် ပြုလုပ်သည့်မည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းမဆို ပြတ်ပြတ်သားသား အရေးယူသွားမည် ဖြစ်ကြောင်းလည်း CDF ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်၍ စစ်အာရှင်ကိုတွန်းလှန်တိုက်ခိုက်နေသည့် မည်သည့်လက်နက်ကိုင်ဘယ်အဖွဲ့အစည်းမဆို ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်)က မဟာမိတ်အဖြစ်ပူးပေါင်းသွားမှာဖြစ်သလို နယ်စပ်ဒေသ၊ ယောဒေသနှင့် နီးစပ်သည့် မြိုင်မြို့နယ်မှ  ရဲဘော်များကို သင်တန်းပို့ချမှုများလည်း ရှိနေသည်ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းလဲန့်ကာကွယ်ရေးတပ်ဖွဲ့−မရာ(CDF Mara)၊ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့(MDF)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF−Mindatနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) စသည့်တပ်ဖွဲ့များက နယ်မြေအတွင်းစစ်ရေး လှုပ်ရှားနေလျက်ရှိသည်။

ထို့အတူ စစ်တပ်အာဏာသိမ်းမှု ၃ နှစ်အတွင်း ချင်းပြည်နယ်၏ ၇၅ ရာခိုင်နှုန်းကို ချင်းအမျိုးသား ကာကွယ်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီးဟု ချင်းရေးရာအဖွဲ့ချုပ် (ICA)က ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့ သေးသည်။

အလားတူ CDF အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီ၊ တန်းတူအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးများအားလုံး ပြည့်စုံ ရရှိသွားပြီးမှသာ လက်နက်ကိုင်လမ်းစဉ်ကို ရပ်တန့်သွားမည်ဖြစ်ကြောင်းလည်း CDF−Mindat  က ပြောဆိုထားသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...