စစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းပြီးနောက် ZFU/PDF- Zoland ထံ လူငယ်လူရွယ် ၁၀၀ ကျော်ဝင်ရောက်

စစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းပြီးနောက် ZFU/PDF- Zoland ထံ လူငယ်လူရွယ် ၁၀၀ ကျော်ဝင်ရောက်

- စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို ပြဋ္ဌာန်းပြီး နှစ်ပတ်နီးပါးအကြာမှာ စစ်အာဏာရှင်စနစ်ကို တော်လှန်ဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ ZFU/PDF- Zoland ထံကို လူငယ်လူရွယ် ၁၀၀ ကျော် ထပ်မံဝင်ရောက်လာတယ်လို့ PDF - Zoland ပြောရေးဆိုခွင့်ရှိသူ ကိုထော်နီ က ပြောပါတယ်။

- စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စခန်းသိမ်းစစ်ဆင်ရေးအတွင်း ကျဆုံးသွားတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF ဒု-စစ်ဦးစီးချုပ်နဲ့ရဲဘော်တွေရဲ့ရုပ်အလောင်းတွေကို စစ်ကောင်စီက ပြန်မပေးဘဲ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

- စစ်ကိုင်းတိုင်း၊ ကလေးမြို့အတွင်းနဲ့ ကလေးမြို့ပတ်ဝန်းကျင်ဒေသတွေကို စစ်ရေးအရှိန်အဟုန်မြင့်  တိုက်ခိုက်တော့မှာဖြစ်တာကြောင့် ဒေသခံပြည်သူတွေ ကလေးမြို့အတွင်းကနေ အမြန်ဆုံး ထွက်ခွာတိမ်းရှောင်ပေးကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

December 26, 2025
- ရေရှားပါးမှုပြဿနာကို အရင်နှစ်ထက် စောစီးစွာ ကြုံတွေ့နေကြရတဲ့ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက...
December 24, 2025
- စစ်ကော်မရှင်က မြစ်ဆုံစီမံကိန်းပြန်စမယ့် အစီအစဉ်သစ်ကို ထုတ်ပြောလာတာကြောင့် ဒေသခံအများစု...
December 23, 2025
- ခရစ္စမတ်ကာလမှာ အိန္ဒိယ- ရခိုင် ကုန်သွယ်ရေးလုပ်ငန်းကို ရက်ပေါင်း ၂၀ ကျော်ကြာ...
December 23, 2025
- ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနဲ့ ပင်လောင်းနယ်စပ်မှာ မကြာခဏတိုက်ပွဲတွေဖြစ်ပွားနေပြီး...