စစ်ကောင်စီတပ်က စစ်တွေ စျေးကြီးထဲကို လက်နက်ကြီးဖြင့် ပစ်၍ ၇ ဦးသေဆုံး ၃၀ ခန့်ဒဏ်ရာရ

စစ်ကောင်စီတပ်က စစ်တွေ စျေးကြီးထဲကို လက်နက်ကြီးဖြင့် ပစ်၍ ၇ ဦးသေဆုံး ၃၀ ခန့်ဒဏ်ရာရ
လက်နက်ကြီးကျည်သည် ၎င်းဘုရားအနီးဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။
လက်နက်ကြီးကျည်သည် ၎င်းဘုရားအနီးဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့ရှိ မြို့မစျေးကြီး၊ ကိုးရီးယားဆိပ်ကမ်း၊ ပျံကျတန်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျ၍ လူ ၇ ဦးသေဆုံးသွားပြီး ၃၀ ခန့်ဒဏ်ရာရသွားသည်ဟု သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၈ နာရီခွဲ အချိန်ခန့်က စစ်တွေပွိုင့်အနီးရှိ စစ်ကောင်စီ ရေတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်တစ်လုံးသည် မြို့မစျေးကြီးအနီး၊ ကိုးရီးယားဆိပ်ကမ်းပျံကျစျေး၊ ရန်ပြေမာန်ပြေဘုရား နောက်ဘက်ရှိ ဦးမောင်မောင်သန်း ပွဲရုံတွင် ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု စျေးသည် အမျိုးသမီး တစ်ဦးကပြောသည်။

“ဟင်းသီးဟင်းရွက် ပွဲရုံကို လက်နက်ကြီးကျတာပါ။ ကျမရောင်းနေတဲ့ နားမှာပဲ။ ပွဲရုံပိုင်ရှင်လည်း သေတယ်လို့ ကြားတယ်။ ကျမဆီမှာလည်း ကျည်စ လာစဥ်တယ်။ ဒါကြောင့် ကျမလည်း ထူပူပြီး ထွက်ပြေးလာခဲ့တယ်။ ဒဏ်ရာရတာတွေက အများကြီးပဲ။ ဘယ်လောက်လဲ မခန့်မှန်းနိုင်ဘူး။ ပြေးလာလိုက်တာဆိုတော့”ဟုပြောသည်။

လက်နက်ကြီးကျည် ကျရောက်ခဲ့သည့်အချိန်မှာ စျေးတွင် လူများသော အချိန်ဖြစ်သည့်အတွက် သေဆုံးသူနှင့် ဒဏ်ရာရသူ များနိုင်သည်ဟုလည်း သူကဆက်ပြောသည်။

လူမှုကူညီရေးဆောင်ရွက်နေသူ တစ်ဦးက လက်ရှိတွင်‌ သေဆုံးသူများနှင့် ဒဏ်ရာရသူများကို စစ်တွေ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး လောလောဆယ် အကြမ်းဖျင်းအားဖြင့် သေဆုံးသူ ၇ ဦးအထိနှင့် ဒဏ်ရာရသူ ၃၀ ဦး ခန့်အထိ ရှိနိုင်ကြောင်း နိရဥ္စရာကိုပြောသည်။

“ခုက ဆေးရုံ OPD မှာပါ။ သေဆုံးသူက ၇ ယောက်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ ဒီထက်လည်း ပိုချင်ပိုနိုင်ပါတယ်။ ဒဏ်ရာရတာကတော့ အယောက် ၃၀ လောက် ခန့်မှန်းရပါတယ်။ သေဆုံး၊ ဒဏ်ရာရတာကတော့ အရွယ်စုံပါပဲ။ သက်ကြီးပိုင်းတွေရော၊ အသက် ၂၀ ဝန်းကျင်တွေရောပါပါတယ်” ဟုပြောသည်။

အဆိုပါ လက်နက်ကြီး ကျရောက်ခဲ့သည့် ပွဲရုံမှာ ဦးမောင်မောင်သန်း ပိုင်ဆိုင်သည့် ဟင်းသီးဟင်းရွက် ပွဲရုံဖြစ်ပြီး လက်နက်ကြီးကျ၍ သေဆုံးသွားသူများအထဲတွင် ဦးမောင်မောင်သန်းလည်း ပါဝင်သွားခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ၎င်းသူသေဆုံးမှုအပေါ် နိရဥ္စရာ သတင်းဌာန အနေဖြင့် သီးသန့် အတည်မပြုနိုင်သေးပါ။

ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...