ဧရာဝတီတိုင်း ၅ မြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်သစ် စုဆောင်း

ဧရာဝတီတိုင်း ၅ မြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်သစ် စုဆောင်း

ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်နှင့် ကျုံပျော် အပါအဝင် မြို့နယ် ငါးမြို့နယ်အတွင်းရှိ ကျေးရွာ များတွင် ပြည်သူ့စစ် အမည်ခံ ပျူစောထီး အဖွဲ့ဝင် အသစ်များကို မဲစနစ်ဖြင့် စုဆောင်းနေသည်ဟု အုပ်ချုပ်ရေး အဖွဲ့ဝင်များက ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သော ဧရာဝတီတိုင်း စစ်ကောင်စီ၏ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကိုယ်တိုင် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ပြည်သူ့စစ် အမည်ခံ ပျူစောထီး အဖွဲ့ဝင်ဟောင်းများကို ယူနီ ဖေါင်းများပေးကာ ပျူစောထီး အဖွဲ့ဝင်သစ်များနှင့် စစ်ကောင်စီ တပ်သားသစ်များ စုဆောင်းခိုင်းခြင်း ဖြစ်သည်။

ပုသိမ်မြို့နယ်ရှိ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက “မဝင်ချင်တဲ့ သူက များနေတယ်။ စည်းရုံးလို့ မရဘူး။ ကိုယ်တိုင် စာရင်းပေးတဲ့ သူက မရှိဘူး ဆိုတော့ မဲစနစ် နဲ့ တစ်ရွာကို ငါးယောက် အနည်းဆုံး စုပေးရတယ်။ စစ် တပ်က ရွာကို အညှိုးထားပြီး ဒုက္ခပေးမှာ ကြောက်လို့ ရွာ သားတွေကို ဖြောင်းဖြပြီး မဲနိုက်ခိုင်းရတယ်” ဟု ပြောသည်။

ပြည်သူ့စစ်စုဆောင်းနေသော မြို့နယ်များမှာ ပုသိမ်၊ ကျုံပျော်၊ သာပေါင်း၊ ကန်ကြီးထောင့် နှင့် ငပုတောမြို့နယ် များ ဖြစ်သည်။

အထူးသဖြင့် ကျေးလက် ဒေသများတွင် ပျူစောထီး အဖွဲ့ဝင်သစ်များ စုဆောင်းနေခြင်းဖြစ်ပြီး ရွာခံ မီးသတ် တပ်ဖွဲ့ဝင် ၂ ဦး မဖြစ်မနေ ပါဝင်ရကာ ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ် နှင့် ငပုတောမြို့နယ်တို့မှ လူများက ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်၌ စစ်သင်တန်း တက်ရမည် ဖြစ်သည်ဟု မီးသတ်တပ်ဖွဲ့  အရာရှိ အချို့က ပြောသည်။

သာပေါင်းမြို့နယ်က လူများနှင့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာအချို့က လူများမှာမူ သာပေါင်းမြို့ အခြေစိုက် ခလရ ၃၀၈ တပ်ရင်း နှင့် ကျုံပျော်မြို့နယ်မှ လူများက ကျုံပျော်မြို့ အခြေစိုက် ခလရ ၃၆ တပ်ရင်း၌ စစ်သင်တန်း တက်ရမည် ဖြစ်သည်။

ငပုတောမြို့ ဒေသခံ ကိုထွန်းအေးက “အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်း နေတာပါ။ ရွာမှာ နေတဲ့ တောသူ တောင်သားတွေ အများစုက သူတို့ (စစ်ကောင်စီ) ကို မလိုလားဘူး။ ခက်တာက ပြေးစရာက မြေမရှိဘူး။ အခု နေခါမှာ ပြန်ချဖို့ကလည်း ခက်ပါ တယ်။ သူတို့ကိုချနေတဲ့ သူတွေ(တော်လှန်ရေးတပ်) ရောက်လာရင်တော့ ပူးပေါင်းဖို့ ဒုက္ခခံပြီး စောင့်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီ အနေဖြင့် အဖက်ဖက်က ကျရှုံးနေသော နိုင်ငံရေး၊ စစ်ရေး အခြေအနေများကို မြင့်တင်နိုင်ရန် စစ် သည်အင်အားနှင့် ငွေကြေးအင်အား စုဆောင်းရာ၌ လွှဲမှားသည့် အဓမ္မ နည်းလမ်းများကို အသုံးပြုနေခြင်း ကြောင့် တပ်ပျက်မှာ ကျိန်းသေသည်ဟု စစ်မှုထမ်းဟောင်း အချို့က ပြောဆိုသည်။

ပျူစောထီး အဖွဲ့ ရံပုံငွေ အတွက် ကျေးရွာနေ အိမ်ထောင်စုများက တစ်အိမ်ကို တစ်လလျှင် နှစ်ထောင်ကျပ်နှုန်း အနည်းဆုံး စုဆောင်းပေးရမှာဖြစ်ပြီး ပျူစောထီး အဖွဲ့ဝင် ဖြစ်သွားသူများ၏ ကျေးရွာ၌ ကျန်ရစ်သော မိသားစု များကိုလည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နှင့် ရွာသူရွာသားများက တာဝန်ယူပြီး ထောက်ပံ့ပေးရန်ပါ ညွှန်ကြား ထားသည်ဟု အုပ်ချုပ်ရေး အဖွဲ့ဝင်အချို့က ပြောပြသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...