မင်းပြားမြို့ မင်းဖူး အရပ်ဘက်ဆေးရုံ အကြမ်းဖက်စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

မင်းပြားမြို့ မင်းဖူး အရပ်ဘက်ဆေးရုံ အကြမ်းဖက်စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မင်းဖူးဆေးရုံမြင်ကွင်း/  သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်
ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မင်းဖူးဆေးရုံမြင်ကွင်း/ သတင်းနှင့်ပြန်ကြားရေး ရက္ခိုင့်တပ်တော်

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ မင်းဖူးအရပ်ဘက်ဆေးရုံအား စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၍  အပြစ်မဲ့အရပ်သားပြည်သူများ၊ သုံ့ပန်းများ၊  ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ယနေ့ သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်အထဲတွင် “ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ရှုံးမဲမဲကာ လူမျိုးရေးအမုန်းတရားများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊  အဆိုပါလေကြောင်းမှ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါး ကုသမှု ခံယူနေကြသည့် အပြစ်မဲ့အရပ်သားပြည်သူများ၊ ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုများလည်းရှိခဲ့ကြောင်း” ဖော်ပြပါရှိသည်။

၎င်းဆေးရုံသည် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းများ၊ သုံ့ပန်းမိသားစုဝင်များကို ဆေးကုသပေးနေသော အရပ်ဘက်ဆေးရုံတစ်ခုလည်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ဒေသ စစ်မျက်နှာတွင် ၎င်းတို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက်စခန်းများစွာနှင့် တစ်မြို့ပြီး တစ်မြို့ကို လက်လွှတ်ဆုံးရှုံးနေရသည့်အတွက် ရှုံးမဲမဲကာ မြို့၊ ရပ်ရွာများရှိ အရပ်သား ပြည်သူ လူထုများနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ တိုက်တာအဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်လျက်ရှိကြောင်းဓ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...