ရေဦးတွင် စစ်ကောင်စီတပ်ဖွဲ့ အစည်းအဝေးလုပ်နေချိန် ဒရုန်းဖြင့်တိုက်ခိုက်

ရေဦးတွင် စစ်ကောင်စီတပ်ဖွဲ့ အစည်းအဝေးလုပ်နေချိန် ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး ပြုလုပ်နေချိန် ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွား ကြောင်း ရွှေဘိုခရိုင်တပ်ရင်း(၁၄ )မှ သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့  နံနက် ၁၀နာရီ ၄၅မိနစ်အချိန်တွင် Fixed-Wing Drone ဖြင့် ဗုံးသီး သုံးလုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း( ၁၄ )၏ တပ်ရင်းမှူး ကိုဇွဲက ပြောသည်။

၎င်းက “ အစည်းအဝေးလုပ်နေတဲ့ အဆောက်အဦပေါ် တည့်တည့်ကျတာ ယူနီဖောင်းဝတ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင် နှစ်ဦးကို ဆွဲသွားတာတော့ မြင်ရတယ်၊ အဲ့နားလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်” ဟုပြောသည်။

တိုက်ခိုက်မှုကြောင့် အားကစားရုံးအနီးတွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ နှင့် ပြည်သူများ ထွက်ပြေးမှုများရှိခဲ့ပြီးနောက် အစည်းအဝေးလည်း ပျက်သွားကြောင်း ကိုဇွဲ က ဆိုသည်။

ပြီးခဲ့သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း ရေဦးမြို့နယ် အနောက်ခြမ်းရှိကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ ကို ဒရုန်း နှစ်စီးဖြင့် ဗုံးသီး လေးလုံးကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိနိုင်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း( ၁၄ )က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ သည် ယခုနှစ် ဇန်နဝါရီလဆန်းမှာ စတင်ကာ ရေဦးမြို့နယ် အနောက်ခြမ်းနှင့် မြောက်ခြမ်းရှိ ကျေးရွာများကို ဆက်တိုက် ဆိုသလို စစ်ကြောင်း ထိုးနေသည့်အတွက် သောင်းနှင့်ချီသည် ပြည်သူများ မကြာခဏဆိုသလို ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...