စစ်မှုထမ်းဥပဒေနှင့်စစ်ဆေးဖမ်းဆီးမှုတွေကြောင့် ပြည်ပမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်ထားတဲ့ ကရင်နီဒေသခံတွေ နေရပ်လှည့်ပြန်ရ

စစ်မှုထမ်းဥပဒေနှင့်စစ်ဆေးဖမ်းဆီးမှုတွေကြောင့် ပြည်ပမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်ထားတဲ့ ကရင်နီဒေသခံတွေ နေရပ်လှည့်ပြန်ရ

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ကြေညာပြီးတဲ့နောက်ပိုင်းမှာ ပေါ်တာဆွဲတာတွေ၊ သန်းခေါင်စာရင်း ကောက်တာတွေ၊ အစစ်အဆေး ပိုမို တင်းကျပ်လာတာတွေကြောင့် မြို့ပြကိုရောက်ရှိနေတဲ့ ကရင်နီပြည်က လူငယ်တွေဟာ နေရပ်ကိုလှည့်ပြန်လာကြရတယ်လို့ သိရပါတယ်။

"စင်္ကာပူ သွားဖို့ပြင်ဆင်နေတာပေါ့။ ဒါမဲ့ အခု ရန်ကုန်မှာလဲ အခြေနေက မကောင်းတော့  ဒီဘက်ကို ပြန်လာလိုက်ရတယ်ပေါ့ မိဘတွေကလဲ စိတ်ပူလို့ ပြန်ခေါ်တာကြောင့်လဲပါတယ်။" လို့ ပြည်ပနိုင်ငံသွားဖို့ ပြင်ဆင်နေတဲ့ ကရင်နီလူငယ်တစ်ဦးက ဆိုပါတယ်။

အဆိုပါ နေရပ်လှည့်ပြန်ခဲ့ရတဲ့ လူငယ်တွေဟာ ပြည်ပကိုသွားဖို့  ၁ လ ဝန်းကျင် ပြင်ဆင်ခဲ့ရပြီး လမ်းစရိတ်နဲ့  သင်တန်းကြေးကို အနည်းဆုံး ၁၀ သိန်းကျပ် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

စင်္ကာပူနိုင်ငံကို အလုပ်လုပ်ဖို့ စီစဉ်ထားတဲ့ ကရင်နီလူငယ်တစ်ဦးကလည်း စစ်မှုထမ်းအမိန့်တွေ ၊စစ်ဆေးဖမ်းဆီးမှုတွေ များပြားလာတာကြောင့်လည်း မသွားဖြစ်တော့ဘဲ စီစဉ်ထားတာတွေကို ဖျက်သိမ်းခဲ့ရတယ်လို့  ပြောပါတယ်။

"အစက ရန်ကုန်သွားမယ်လုပ်တော့ ကားလက်မှတ်တွေဖြတ်ပြီးပြီ။ စစ်ကောင်စီက စစ်မှုမထမ်းမနေရဆိုတဲ့ အမိန့်စာထုတ်လိုက်တော့ မသွားဖြစ်တော့ဘူး။ ဘာလို့လဲဆိုတော့   ရန်ကုန်ဆင်းပြီးမှ ဆွဲသွားခံရမှာကြောက်တယ် အဲ့ကြောင့်မသွားဖြစ်တော့တာ။" လို့ သူက ဆိုပါတယ်။

လက်ရှိမှာလည်း  တခြားမြို့နယ်တွေမှာ ရောက်ရှိနေတဲ့ ၂/ နိုင်ငံသား စီစစ်ရေးကဒ် ကိုင်ဆောင်ထားတဲ့ ကရင်နီဒေသခံတွေဟာ သန်းခေါင်စာရင်းကောက်ချိန်နဲ့ ခရီးသွားလာချိန်တွေမှာ ပိုမိုစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

လတ်တလောမှာ ရှမ်းပြည်နယ်အတွင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုပိုမိုတင်းကြပ်နေသလို တချို့ဂိတ်တွေမှာလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားတဲ့အတွက် နေရပ်ပြန်လိုတဲ့ ကရင်နီဒေသခံတွေဟာ အခက်အခဲရှိနေကြတယ်လို့ သိရပါတယ်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...