စစ်မှုထမ်းဥပဒေနှင့်စစ်ဆေးဖမ်းဆီးမှုတွေကြောင့် ပြည်ပမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်ထားတဲ့ ကရင်နီဒေသခံတွေ နေရပ်လှည့်ပြန်ရ

စစ်မှုထမ်းဥပဒေနှင့်စစ်ဆေးဖမ်းဆီးမှုတွေကြောင့် ပြည်ပမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်ထားတဲ့ ကရင်နီဒေသခံတွေ နေရပ်လှည့်ပြန်ရ

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ကြေညာပြီးတဲ့နောက်ပိုင်းမှာ ပေါ်တာဆွဲတာတွေ၊ သန်းခေါင်စာရင်း ကောက်တာတွေ၊ အစစ်အဆေး ပိုမို တင်းကျပ်လာတာတွေကြောင့် မြို့ပြကိုရောက်ရှိနေတဲ့ ကရင်နီပြည်က လူငယ်တွေဟာ နေရပ်ကိုလှည့်ပြန်လာကြရတယ်လို့ သိရပါတယ်။

"စင်္ကာပူ သွားဖို့ပြင်ဆင်နေတာပေါ့။ ဒါမဲ့ အခု ရန်ကုန်မှာလဲ အခြေနေက မကောင်းတော့  ဒီဘက်ကို ပြန်လာလိုက်ရတယ်ပေါ့ မိဘတွေကလဲ စိတ်ပူလို့ ပြန်ခေါ်တာကြောင့်လဲပါတယ်။" လို့ ပြည်ပနိုင်ငံသွားဖို့ ပြင်ဆင်နေတဲ့ ကရင်နီလူငယ်တစ်ဦးက ဆိုပါတယ်။

အဆိုပါ နေရပ်လှည့်ပြန်ခဲ့ရတဲ့ လူငယ်တွေဟာ ပြည်ပကိုသွားဖို့  ၁ လ ဝန်းကျင် ပြင်ဆင်ခဲ့ရပြီး လမ်းစရိတ်နဲ့  သင်တန်းကြေးကို အနည်းဆုံး ၁၀ သိန်းကျပ် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

စင်္ကာပူနိုင်ငံကို အလုပ်လုပ်ဖို့ စီစဉ်ထားတဲ့ ကရင်နီလူငယ်တစ်ဦးကလည်း စစ်မှုထမ်းအမိန့်တွေ ၊စစ်ဆေးဖမ်းဆီးမှုတွေ များပြားလာတာကြောင့်လည်း မသွားဖြစ်တော့ဘဲ စီစဉ်ထားတာတွေကို ဖျက်သိမ်းခဲ့ရတယ်လို့  ပြောပါတယ်။

"အစက ရန်ကုန်သွားမယ်လုပ်တော့ ကားလက်မှတ်တွေဖြတ်ပြီးပြီ။ စစ်ကောင်စီက စစ်မှုမထမ်းမနေရဆိုတဲ့ အမိန့်စာထုတ်လိုက်တော့ မသွားဖြစ်တော့ဘူး။ ဘာလို့လဲဆိုတော့   ရန်ကုန်ဆင်းပြီးမှ ဆွဲသွားခံရမှာကြောက်တယ် အဲ့ကြောင့်မသွားဖြစ်တော့တာ။" လို့ သူက ဆိုပါတယ်။

လက်ရှိမှာလည်း  တခြားမြို့နယ်တွေမှာ ရောက်ရှိနေတဲ့ ၂/ နိုင်ငံသား စီစစ်ရေးကဒ် ကိုင်ဆောင်ထားတဲ့ ကရင်နီဒေသခံတွေဟာ သန်းခေါင်စာရင်းကောက်ချိန်နဲ့ ခရီးသွားလာချိန်တွေမှာ ပိုမိုစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

လတ်တလောမှာ ရှမ်းပြည်နယ်အတွင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးမှုပိုမိုတင်းကြပ်နေသလို တချို့ဂိတ်တွေမှာလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားတဲ့အတွက် နေရပ်ပြန်လိုတဲ့ ကရင်နီဒေသခံတွေဟာ အခက်အခဲရှိနေကြတယ်လို့ သိရပါတယ်။

April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
April 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတရွာမှာ ( ၅ ) ကြိမ်မြောက် ကန္တာရဝတီနယ်...