နယ်စပ်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ဝင်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၄ ဦးအထိရှိ

နယ်စပ်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ဝင်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၄ ဦးအထိရှိ

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နယ်စပ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့သည့် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်အရေအတွက် ၂၆၄ ဦးရှိကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ပြောကြားလိုက်သည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းအထိ ဝင်ရောက်လာသူ စုစုပေါင်းမှ ၂၂၉ ဦးရှိပြီး နေ့ခင်းပိုင်းတွင် နောက်ထပ် ၃၅ ဦး ဝင်ရောက်ခဲ့သည်ဟု BGB ညွှန်ကြားရေးမှူး မိုဟာမက် အက်ရှရာဖာဇမန်က ပြောကြားကြောင်း ဒါကာထရီဗျူးန်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရောက်ရှိလာသူများတွင် လဝက၊ ရဲ၊ နယ်ခြားစောင့်အပြင် အခြားဝန်ထမ်းများလည်း ပါဝင်သည်ဟု သတင်းတွင် ဖော်ပြသည်။

“တပ်မတော်သားတွေ၊ နယ်ခြားစောင့်ရဲတွေနဲ့ အရပ်သားတွေလည်း ပါပါတယ်” ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပြောခွင့်ရ ရှာရီဖူအစ္စလာမ်က ပြောကြားသည်။

၎င်းတို့ကို လက်နက်ဖြုတ်သိမ်းကာ ထိမ်းသိမ်းထားပြီး ဒဏ်ရာရသူ ၁၅ ဦးထက်မနည်းကိုလည်း ဆေးဝါးကုသပေးနေကြောင်း ဘင်္ဂလားဒေ့ရှ် BGB ၏ ပြောကြားချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမွတ်က နယ်စပ်တွင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြေးဝင်လာသူများကို ပြန်ပို့ရန်လည်း ဆွေးနွေးနေသည်ဟု ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြောကြားထားသည်။

“သူတို့ကို လေကြောင်းက ပြန်ပို့မလား၊ ဆိပ်ကမ်းကပဲ ပို့မလား ဆွေးနွေးနေတုန်းပါပဲ” ဟု ဝန်ကြီးကပြောသည်။

ရခိုင်-ဘင်္ဂလာ နယ်စပ် မောင်တောမြို့ရှိ တောင်ပြို(လက်ဝဲ) စခန်းအား ရက္ခိုင့်တပ်တော် အေအေက ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ၆ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - Dhaka Tribune

ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...