ပလက်ဝမြို့နယ် ဟုမ်းကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ၃ ကြိမ် ဗုံးကြဲ၊ အရပ်သားပြည်သူ ၇ ဦး သေဆုံး

ပလက်ဝမြို့နယ် ဟုမ်းကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ၃ ကြိမ် ဗုံးကြဲ၊ အရပ်သားပြည်သူ ၇ ဦး သေဆုံး

- ချင်းပြည်နယ် ပလက်ဝမြို့နယ် ဒိုင်ဒေသက ဟုမ်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ပါတယ်။

- ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲက တိုက်နယ်နှစ်ခုဟာ မင်းတပ်ဒေသ(၁)ကောင်စီအဖြစ် ဖွဲ့စည်းပြီး ချင်းလဲန်းကောင်စီမှာ ဒေသအစုအဖွဲ့တစ်ခုအနေနဲ့ အပြည့်အဝ ပူးပေါင်းပါဝင်ပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

- စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်မြောက်ပိုင်းကိုဆက်သွယ်တဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ကလေး-သိုင်းငင်းကားလမ်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြန်ဖွင့်ပေးခဲ့ပြီဖြစ်ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့က ကလေးမြို့အထွက် ကိုးမိုင်စစ်‌ဆေးရေးဂိတ်ကနေပိတ်ထားပြီး ဖြတ်သန်းခွင့်မပြုဘူးလို့ သိရပါတယ်။

June 3, 2026
- မြစ်ဆုံစီမံကိန်း ကန့်ကွက်ပြောဆိုမှုတွေကို အသိအမှတ်ပြုကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA...
June 3, 2026
- သံလွင်မြစ်အတွင်း အာဆင်းနစ်အဆိပ်ပျော်ဝင်မှုများလာတဲ့ သတင်းတွေကြောင့် မြစ်ကို အမှီအခိုပြု...
June 2, 2026
- AA ထိန်းချုပ်နယ်မြေတွေကို ပြန်ရဖို့ စစ်အုပ်စုက ဘက်ပေါင်းစုံကနေ ကြိုးပမ်းနေပါတယ်။ -...
June 2, 2026
- စစ်အစိုးရက ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ထပ်မံခေါ်ယူနေပေမဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးအတွက်...