ရှမ်းတောင်တွင် ပအိုဝ်းပြည်သူစစ် တပ်သားသစ်စုဆောင်း

ရှမ်းတောင်တွင် ပအိုဝ်းပြည်သူစစ် တပ်သားသစ်စုဆောင်း

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဟူးဒေသ၊ ပေါမူကျေးရွာတွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO)လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA)မှ တပ်သားသစ် စုဆောင်းနေသည်ဟု ကျေးရွာနေ ပြည်သူများ က ပြောသည်။

တောင်ကြီးမြို့ မြောက်ဘက် ၁၁ မိုင်ကျော်တွင် တည်ရှိသည့် ပေါ်မူကျေးရွာအုပ်စုတွင် အသက် ၂၀ မှ ၃၀ အတွင်း အမျိုးသား အယောက် ၃၀ အား PNA တပ်သို့ ဝင်ရမည်ဟုဆို၍ စုဆောင်းနေခြင်း ဖြစ်သည်။

ကျေးရွာနေ အသက် ၅၀ ကျော်အရွယ် အမျိုးသား တစ်ဦးက “ဘယ်ရက်နောက်ဆုံးလဲတော့ မသိဘူး။ သူတို့ ပြန် လာရင် အဆင့်သင့် ဖြစ်ရမယ်လို့ ပြောထားတယ်။ ဒီကာလ လူရဖို့ မလွယ်ပါဘူး။ လူငယ်တွေလည်း အသိ အမြင်တွေ ပွင့်ကုန်ပြီလေ။ လူမရရင်တော့ ဆက်ကြေး ပိုကောက်မယ့် သဘော ရှိတယ်” ဟု ပြောသည်။

ပေါမူကျေးရွာ အုပ်စုတွင် PNA မှ တပ်သားသစ် ၃၀ စုဆောင်းရန် ဇန်နဝါရီလ ပထမအပတ်ခန့်ကတည်းက ကျေးရွာ အုပ်ချုပ်ရေးမှူးအား ပြောဆိုခဲ့ပြီး ရိက္ခာအဖြစ် ငွေကျပ် ၄၀၀,၀၀ လည်း ထည့်ဝင်ရမည်ဟု ဆိုသည်။

လတ်တလောတွင် ကျေးရွာရှိ လူငယ် အများစုမှာ ပြည်ပသို့ အလုပ်ထွက်လုပ်နေရသည့်အပြင် အချို့မှာလည်း ကြောက်လန့်၍ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု ဆိုသည်။

သို့သော် ပအိုဝ်းလူမျိုးအတွက် ဂုဏ်ယူပြီး PNA တပ်သို့ ဝင်ကြမည့် လူငယ်အနည်းစု ရှိသည်ဟု ကျေးရွာနေ အသက် ၅၀ ကျော်အရွယ် အမျိုးသား တစ်ဦးက ဆက်ပြောသည်။

“ဆယ်ပုံ တစ်ပုံတော့ ရှိတာပေါ့နော်။ PNO က ဝါဒဖြန့်ခံထားတဲ့သူတွေ အမျိုးသားရေး အစွန်းရောက်တဲ့ သူ တွေပေါ့။ အဲ့လိုလူက ခေတ်အဆက်ဆက် ကတည်းက ရှိပါတယ်။ စစ်တပ် ထောက်ခံတဲ့ လူတွေလိုပေါ့။ အဲ့လို တွေက PNO တအား စည်းရုံးဖို့ မလိုဘူး။ အလိုလိုနေရင်း သူတို့က ဝင်ချင်နေတာ။”

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် တောင်ကြီးမြို့နယ် မပါဝင်သော်လည်း ပအိုဝ်းလူမျိုး အများစု နေထိုင် ကြသည့် ကျေးရွာများကိုမူ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း PNO က အုပ်ချုပ်ထားသည်ဟု ဒေသခံ များက ပြောသည်။

ထို့အပြင် တောင်ကြီးမြို့တွင်းနှင့် မြို့အဝင်/အထွက် ဂိတ်များတွင်လည်း PNA တပ်မှ လုံခြုံရေး အများစု ယူထား ပြီး စစ်ကောင်စီတပ်မှာ ၃ ပုံ တစ်ပုံခန့်သာ ပါဝင်သည်ဟု မြို့နေ ပြည်သူများက ပြောသည်။

June 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း စစ်တပ်က စစ်အင်အားနှင့် စစ်ကြောင်းအမြောက်အမြား အသုံးပြုကာ...
June 26, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အနီး တိုက်...
June 25, 2026
တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် စစ်တပ်က...
June 24, 2026
ချင်းပြည် တောင်ပိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပြင်းထန်နေသည့် ဒေသများတွင် စစ်တပ်၏...