KNU သထုံခရိုင်ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး အလင်းဝင်

KNU သထုံခရိုင်ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး အလင်းဝင်
ဓာတ်ပုံ- KNU
ဓာတ်ပုံ- KNU

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက် နက်နဲ့တကွ အလင်းဝင်ခဲ့တယ်လို့ KNU သထုံခရိုင်က ဇန်နဝါရီ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီ (စကခ-၈)လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ အ မှတ် (၄၁၀) ခြေမြန်တပ်ရင်း ဝင်းတာပန်တပ်စခန်းမှ တပ်သား ၂ ဦးနဲ့ လေးကေတပ်စခန်းက တပ် သား ၁ ဦး ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီထဲမှာ တပ်သားချစ်ထွေး၊ တပ်သား စိုးနိူင်ဝင်းနဲ့ တပ်သားကျော်မျိုးလှိုင် သူနာပြု (ဆေးမူး)တို့ဟာ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်းတွေဖြစ်တဲ့ ဝင်းတာပန်နဲ့လေးကေစခန်းတို့မှာ တာဝန်ထမ်းဆောင်ရာကနေ KNU သထုံခရိုင်ထံ အလင်းဝင်ခဲ့တာပါ။

လက်နက်နဲ့ အလင်းဝင်ခဲ့တဲ့ တပ်သား ၃ ဦးကို ဆုငွေတွေ ပေးအပ်ချီးမြှင့်ခဲ့သလို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး သူတို့တွေရဲ့ ဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ KNU သထုံခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၉) လေ့ကျင့်ရေးကျောင်းက တပ်သားသစ် ၉ ဦး လက်နက်နဲ့တကွ ထွက်ပြေးပြီး KNU သထုံခရိုင်ထံ အလင်းဝင်ဖို့ ကြိုပမ်းခဲ့တာပါ။

လက်နက်နဲ့တကွ ထွက်ပြေးလာတဲ့ တပ်သားသစ်တွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့တဲ့အတွက် တပ်သားသစ် ၆ ဦး သေဆုံးပြီး ၁ ဦးအရှင်ဖမ်းဆီးရမိခဲ့ကာ ၂ ဦး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

အမျိူးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့အတွက် စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၁၅၀၀၀ နီးပါး CDM ပြုလုပ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Most read this week

December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...
Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...
December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...