KNU သထုံခရိုင်ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး အလင်းဝင်

KNU သထုံခရိုင်ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး အလင်းဝင်
ဓာတ်ပုံ- KNU
ဓာတ်ပုံ- KNU

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက် နက်နဲ့တကွ အလင်းဝင်ခဲ့တယ်လို့ KNU သထုံခရိုင်က ဇန်နဝါရီ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီ (စကခ-၈)လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ အ မှတ် (၄၁၀) ခြေမြန်တပ်ရင်း ဝင်းတာပန်တပ်စခန်းမှ တပ်သား ၂ ဦးနဲ့ လေးကေတပ်စခန်းက တပ် သား ၁ ဦး ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီထဲမှာ တပ်သားချစ်ထွေး၊ တပ်သား စိုးနိူင်ဝင်းနဲ့ တပ်သားကျော်မျိုးလှိုင် သူနာပြု (ဆေးမူး)တို့ဟာ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းစခန်းတွေဖြစ်တဲ့ ဝင်းတာပန်နဲ့လေးကေစခန်းတို့မှာ တာဝန်ထမ်းဆောင်ရာကနေ KNU သထုံခရိုင်ထံ အလင်းဝင်ခဲ့တာပါ။

လက်နက်နဲ့ အလင်းဝင်ခဲ့တဲ့ တပ်သား ၃ ဦးကို ဆုငွေတွေ ပေးအပ်ချီးမြှင့်ခဲ့သလို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး သူတို့တွေရဲ့ ဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ KNU သထုံခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၉) လေ့ကျင့်ရေးကျောင်းက တပ်သားသစ် ၉ ဦး လက်နက်နဲ့တကွ ထွက်ပြေးပြီး KNU သထုံခရိုင်ထံ အလင်းဝင်ဖို့ ကြိုပမ်းခဲ့တာပါ။

လက်နက်နဲ့တကွ ထွက်ပြေးလာတဲ့ တပ်သားသစ်တွေကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့တဲ့အတွက် တပ်သားသစ် ၆ ဦး သေဆုံးပြီး ၁ ဦးအရှင်ဖမ်းဆီးရမိခဲ့ကာ ၂ ဦး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

အမျိူးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့အတွက် စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၁၅၀၀၀ နီးပါး CDM ပြုလုပ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

Most read this week

ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...
September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...