မြောက်ဦးတွင် လက်နက်ကြီးကြောင့် အရပ်သား ၁ ဦးသေ၊ ၆ ဦးဒဏ်ရာရ

မြောက်ဦးတွင် လက်နက်ကြီးကြောင့် အရပ်သား ၁ ဦးသေ၊ ၆ ဦးဒဏ်ရာရ

ရခိုင်ပြည်၊ မြောက်ဦးမြို့၊ ရွှေဂူတောင်ရပ်ကွက်အတွင်းသို့ ဇန်နဝါရီ ၁ ရက်၊ ည ၇ နာရီခွဲက စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သည်။

မြောက်ဦးမြို့တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြောက်ဦးအခြေစိုက် ၅၄၀ တပ်ရင်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်အတွင်းကျရောက်၍ သေဆုံးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

“လက်နက်ကြီးက လမ်းမှာကျပြီးတော့ ရပ်ကွက်ထဲကလူတွေကို ကျည်စတွေထိကုန်တာ။ တစ်ယောက်ကတော့ သေသွားတယ်” ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကြောင့် ဒေါ်ဦးသိန်းနု (၅၃)နှစ် သေဆုံးသွားပြီး၊ ဦးမောင်ပိန် (၅၂)နှစ်၊ ဒေါ်ခင်မေသိန်း (၅၄)နှစ်၊ မလှငြိမ်းဝင်း (၂၁)နှစ်၊ ဦးဝင်းဌေး (၃၈)နှစ်၊ ကိုမင်းသန့်စိုး (၁၉)နှစ်နှင့်  ဦးဝင်းမြင့်အောင် (၅၆) နှစ်တို့မှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြသည်။ ဒဏ်ရာရရှိသူများမှာ မြောက်ဦးဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ယင်းအထဲမှ ဦးဝင်းဌေးမှာ ဦးခေါင်း၌ ထိမှန်သွားခြင်းဖြစ်၍ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

“ဒဏ်ရာရတဲ့လူတွေထဲမှာ တစ်ယောက်ကတော့ ခေါင်းကို ထိမှန်သွားတဲ့အတွက် စိုးရိမ်ရတယ်။ သတိကတော့ ရတယ်” ဟု မြောက်ဦးမြို့ခံ နောက်တစ်ဦးက ပြောသည်။

မြောက်ဦးမြို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ၏ မြောက်ဦးခရိုင်ရဲစခန်းကို AA က ဒီဇင်ဘာ ၂၆ ရက်တွင် အပြီးသတ် တိုက်ခိုက်သိမ်းယူခဲ့သည်။

မြောက်ဦးမြို့တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၄ ခု ဇန်နဝါရီ ၁ ရက်ထိ အရပ်သားသေဆုံးသူ ၁၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၆ ဦးအထိရှိသည်။

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...