ချင်းပြည်ကောင်စီညီလာခံအနေနဲ့ ချင်းပြည်လွှတ်တော်၊ ချင်းပြည် အစိုးရအဖွဲ့နဲ့ ချင်းပြည်တရားလွှတ်တော်ချုပ်တို့ကို ရက်ပေါင်း (၆၀) အတွင်း ဖွဲ့စည်းသွားမယ်လို့ထုတ်ပြန်

ချင်းပြည်ကောင်စီညီလာခံအနေနဲ့ ချင်းပြည်လွှတ်တော်၊ ချင်းပြည် အစိုးရအဖွဲ့နဲ့ ချင်းပြည်တရားလွှတ်တော်ချုပ်တို့ကို ရက်ပေါင်း (၆၀) အတွင်း ဖွဲ့စည်းသွားမယ်လို့ထုတ်ပြန်

ချင်းပြည်ကောင်စီညီလာခံအနေနဲ့ ချင်းပြည်လွှတ်တော်၊ ချင်းပြည် အစိုးရအဖွဲ့ နဲ့ ချင်းပြည်တရားလွှတ်တော်ချုပ်တို့ကို ရက်ပေါင်း (၆၀) အတွင်း ဖွဲ့စည်းသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချင်းပြည်ကောင်စီညီလာခံက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၆) ရက်နေ့မှာ အတည်ပြုခဲ့တယ်လို့ ဒီဇင်ဘာလ (၇) ရက်နေ့မှာ ချင်းပြည်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံကို  ဒီဇင်ဘာလ (၄) ရက်နေ့ကနေ (၇) ရက်အထိ Victoria Base ၊ Chineland မှာ ကျင်းပခဲ့ပြီး ချင်းအမျိုးသားတပ်ဦးက ကိုယ်စားလှယ်တွေ၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ချင်းလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ကိုယ်စားလှယ်၊ မြို့နယ်နဲ့ ဒေသအစုအဖွဲ့က ကိုယ်စားလှယ်၊ ပြည်တွင်းပြည်ပဧည့်သည်  စုစုပေါင်း (၂၃၅) ဦး တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ချင်းပြည်ကောင်စီညီလာခံကို ချင်းအမျိုးသားတပ်ဦး (CNF)က ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး ဒီညီလာခံဟာ ဒီမိုကရေစီစံနှုန်း မကိုက်ညီတဲ့ပြင် တန်းတူညီမျှမှု မရှိတာ၊ ချင်းအမျိုးသားတစ်ရပ်လုံးရဲ့စည်းလုံးညီညွှတ်ရေးကို ကိုယ်စားပြုဖော်ဆောင်နိုင်မှာ မဟုတ်ဘူး ဆိုပြီး မြို့နယ်တချို့က တော်လှန်ရေး အဖွဲ့အစည်း တွေတတ်ရောက်ခဲ့ခြင်း မရှိခဲ့ပါဘူး။

မင်းတပ်မြို့နယ် ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်တွေက တော်လှန်ရေး နဲ့ နိုင်ငံရေး အဖွဲ့စည်းတွေက ချင်းပြည်ကောင်စီညီလာခံကို မတတ်ရောက်ခဲ့တဲ့အပြင် သူတို့သဘောထားကိုလည်း ဒီဇင်ဘာလ (၅) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...