မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်မှ အကြီးမားဆုံးစစ်စခန်းတစ်ခုဖြစ်သည့် တရွန်အိုင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် သိမ်းပိုက်

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်မှ အကြီးမားဆုံးစစ်စခန်းတစ်ခုဖြစ်သည့် တရွန်အိုင်ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် သိမ်းပိုက်

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ်နှင့် နီးကပ်စွာတည်ရှိသည့် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်မှ မဟာဗျူဟာအရ အရေးကြီးသည့် အကြီးမားဆုံး စစ်စခန်းတစ်ခုဖြစ်သည့် တရွန်အိုင်ဗျူဟာကို ရက္ခိုင့်တပ်တော်(AA)က ဒီဇင်ဘာလ (၄) ရက်နေ့တွင် အပြီးတိုင် သိမ်းပိုက်လိုက်ပြီဟု ရက္ခိုင့်တပ်တော်က ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ ၊ နံနက် (၆) နာရီခန့်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော "တရွန်အိုင်ဗျူဟာ"စခန်းကုန်းကြီးတစ်ခုလုံးအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်၊ နေ့လယ် (၁) နာရီ (၀၄) မိနစ်အချိန်တွင် အပြီးသတ်ချေမှုန်းတိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုးစစ်ရက်ပေါင်း (၂၁) ရက်ခန့်ကြာမြင့်ခဲ့ပြီး မိမိတို့အနေဖြင့် ထိုက်သင့်သော ပေးဆပ်မှုများဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုးစစ်ကာလအတွင်း ရန်သူ၏ လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသောဗုံးများဖြင့် နေ့၊ ည ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေသည့် ကြားမှ ရယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ရန်သူ့အလောင်းများနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့သည်။

ရက္ခိုင့်တပ်တော်အနေဖြင့် နောက်ထပ်ကျန်ရှိနေသော "နှုံးဘူးဗျူဟာကုန်း" ကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ပေါက်တောမြို့အတွင်း တိုက်ပွဲမှာ ဆက်လက်ရှိနေပြီး လက်ကျန်ရန်သူတို့အား မိမိတို့မှ ဆက်လက် ချေမှုန်းတိုက်ခိုက်လျက်ရှိသည်။

ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါရှိသော "တရွန်အိုင်ဗျူဟာ" ကုန်းသိမ်းတိုက်ပွဲ အတွင်း အသက်၊ ခန္ဓာပေးဆပ်ခဲ့ရသော အာရက္ခစစ်သည်တော်များ၊ ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင် စစ်သည်တော်များအားလုံးကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ရက္ခိုင့်တပ်တော်မှ သိမ်းထားသော ရန်သူ့စခန်းကုန်းများ၊ ရန်သူစွန့်လွှတ် ထားခဲ့သော နယ်စပ်စခန်းများအပြင် ဆက်လက်သိမ်းယူရန် လျာတားထားသော ဗျူဟာစခန်းများအား သိမ်းပြီးနောက် ရရှိလာမည့် စခန်းများအားလုံးကို ကာကွယ်စောင့်ရှောက်ရန်အတွက် အာရက္ခ တိုင်းပြည်အပေါ် အမှန်တကယ် ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်ကြမည့် " Defenders of Our Fatherland” အာရက္ခစစ်သည် တော်သစ်များ လိုအပ်လျက်ရှိနေပါသည်။

ထိုကြောင့် အမျိုးသားရေးအသိတရား၊ တာဝန်သိစိတ်၊ တာဝန်ယူလိုစိတ် အပြည့်အဝရှိကြသော လူငယ်များအား တိုင်းပြည်တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်လိုက်သည်ဟုလည်း ဖော်ပြထားသည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...