ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများအတွင်း မြန်မာစစ်တပ်မှ ဓာတု(အဆိပ်)ဗုံးများ ထပ်မံအသုံးပြုတိုက်ခိုက်

ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများအတွင်း မြန်မာစစ်တပ်မှ ဓာတု(အဆိပ်)ဗုံးများ ထပ်မံအသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီက ဓာတု (အဆိပ်)ဗုံးများ ထပ်မံအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်မီဒီယာက သတင်းဖော်ပြသည်။

နိုဝင်ဘာ ၂၃ ရက်နေ့ ညနေ  ၃ နာရီ ၁၈ မိနစ် အချိန်တွင် စစ်ကောင်စီသည်  MNDAA သိမ်းပိုက်ထားသော နမ့်စလပ် တောင်ကုန်းစခန်းထဲသို့ ဓာတု (အဆိပ်)ဗုံး (၄)လုံးလာရောက် ပစ်ခတ်ခဲ့ခြင်းကြောင်း၊ ထိုသို့ ပစ်ခတ်ခဲ့သဖြင့်  MNDAA ကိုးကန့် တပ်ဖွဲ့တွင်တစ်ချို့ မှ အဆိပ်များရှူမိပြီး ခေါင်းမူးခြင်း၊ အော့အန်ခြင်းများ ဖြစ်ခဲ့ရသည်ဟု  ဖော်ပြထားသည်။

“၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း၌ စစ်ကောင်စီတို့မှ တပ်စခန်း (၂၀၀)နီးပါး နှင့် မြို့နယ် (၉) ခု ကို လက်လွတ်ဆုံးရှုံးခဲ့ရတဲ့အတွက်ကြောင့် ဓာတုလက်နက်များဆိုင်ရာသဘောတူညီချက်ကိုချိုး ဖောက်ပြီး ဓာတုဗုံးများဖြင့် လက်နက်တိုင်တော်လှန်‌ရေး အဖွဲ့အစည်းများအပေါ် (၃) ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုထားသည်။

နိုဝင်ဘာ ၁၈ ရက်နေ့တွင် TNLA သိမ်းပိုက်ထားသော တပ်စခန်းတစ်ခုသို့ ဓာတုဗုံးများ လာ‌ရောက်ပစ်ခတ် ခဲ့ခြင်းကြောင့် TNLA တပ်ဖွဲ့ဝင်တစ်ဦး အဆိပ်မိခဲ့ရကြောင်း၊  ထို့အတူ ၁၄ ရက်နေ့တွင်လည်း TNLA မှ လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်း ဝင်ရောက်သိမ်းပိုက် ချိန်တွင် စစ်ကောင်စီတို့မှ ဓာတုဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...