လမ်းကြောင်းပိတ်ဆို့မှုကြောင့် မြစ်ကြီးနားမှ မန္တလေး ရန်ကုန်သို့ပြေးဆွဲသည့် ခရီးစဉ်များ ရပ်နားထားရ

လမ်းကြောင်းပိတ်ဆို့မှုကြောင့် မြစ်ကြီးနားမှ မန္တလေး ရန်ကုန်သို့ပြေးဆွဲသည့် ခရီးစဉ်များ ရပ်နားထားရ

မြစ်ကြီးနားမြို့ကနေ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေဘက် ပြေးဆွဲတဲ့ကားတွေ လမ်းကြောင်းပိတ်ဆို့မှုကြောင့် ရပ်နားထားတယ်လို့ သိရပါတယ်။

ကားလမ်းပိတ်တာကြောင့် မြစ်ကြီးနားကနေ ရန်ကုန်၊ မန္တလေး ပြေးဆွဲတဲ့ခရီးစဉ်တွေ ရပ်နားထားတာ  ဒီကနေ့နဲ့ဆိုရင် ၂ ရက်ရှိပြီဖြစ်တယ်လို့ မြစ်ဖျားဧရာအဝေးပြေးယာဉ်ရပ်နားစခန်းက ယာဉ်များကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးအေးဇော်ဇော်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"ဟုတ်တယ် အဲဒါတွေ ရပ်ထားတာ ၂ ရက်ရှိပြီ။ လမ်းကြောင်းပိတ်လို့ လို့ပြောတယ်။ ဘယ်က ပိတ်တယ်ဆိုတာတော့ မသိဘူး။"လို့ ဦးအေးဇော်ဇော်ကဆိုပါတယ်။

မြစ်ကြီးနား- ရန်ကုန်၊ မြစ်ကြီးနား- မန္တလေး ခရီးစဉ်တွေ ရပ်နားထားတာဖြစ်ပြီး  ရန်ကုန် - မြစ်ကြီးနား ၊ မန္တလေး- မြစ်ကြီးနား ခရီးစဉ်တွေတော့ ပြေးဆွဲတာတွေ ရှိနေတယ်လို့ ခရီးစဉ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတစ်ခုကလည်း အခုလိုပြောပါတယ်။

"မြစ်ကြီးနားကနေ ရန်ကုန်လည်း မရသေးဘူး။ မြစ်ကြီးနားကနေ မန်းလေးလည်း မရသေးဘူး။ မန်းလေး - မြစ်ကြီးနား ၊ ရန်ကုန် - မြစ်ကြီးနားအဲဒီလိုပဲ  အသွားခရီးစဉ်ပဲ ရဦးမှာ။ အပြန်ခရီးစဉ်မရသေးဘူး" လို့ ဆိုပါတယ်။

လမ်းခရီးကြပ်တဲ့အတွက် မြစ်ကြီးနားအထွက်ခရီးစဉ်ကို ခေတ္တရပ်နားထားတာဖြစ်ပြီး လမ်းကြောင်းအခြေအနေကြေင့် ဘယ်အချိန် ပြန်ပြေးဆွဲမယ်ဆိုတာကိုတော့ အတိအကျမပြောနိုင်သေးဘူးလို့ နောက်ထပ် ယာဉ်လိုင်း တစ်ခုဆီကနေလည်း သိရပါတယ်။

ဒါ့အပြင် လမ်းပိုင်းအခြေအနေကြောင့် မြစ်ကြီးနားမြို့ကို စက်သုံးဆီကားတွေမဝင်တာကြောင့် စက်သုံးဆီတွေကို အကန့်အသတ်နဲ့ပဲ ရရှိနေတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကိုင်းတိုင်းအတွင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး မြစ်ကြီးနား-မန္တလေးလမ်းပေါ်က ထီးချိုင့်မြို့နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်နေတာပါ။

July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...
July 15, 2026
ကချင်ပြည်၊ ချီဖွေမြို့ရှိ အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသားများမှာ...
July 10, 2026
ကချင်ပြည်၊ ကန်ပိုက်တီမြို့နှင့် ဆဒုံးမြို့အကြား မိုးရက်ဆက်ရွာသွန်းမှုကြောင့် တောင်ပြို၊...
July 10, 2026
ကချင်ပြည်၊ ပူတာအိုမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နေအိမ်များအား ဖောက်ထွင်း၍ အဖိုးတန်...