ပေါက်တောမြို့တွင် စစ်ကောင်စီက အရပ်သားများကို ပစ်သတ်ခဲ့မှုအပေါ် လက်တုံ့ပြန်မည်ဟု AA ပြော

ပေါက်တောမြို့တွင် စစ်ကောင်စီက အရပ်သားများကို ပစ်သတ်ခဲ့မှုအပေါ် လက်တုံ့ပြန်မည်ဟု AA ပြော
စားနပ်ရိက္ခာ တင်ဆောင်လာသော စစ်ကောင်စီရေယာဉ်တစ်စီးကို ပြီးခဲ့သည့် ရခိုင်စစ်ရေးကာလက မြင်တွေ့ရစဉ်။
စားနပ်ရိက္ခာ တင်ဆောင်လာသော စစ်ကောင်စီရေယာဉ်တစ်စီးကို ပြီးခဲ့သည့် ရခိုင်စစ်ရေးကာလက မြင်တွေ့ရစဉ်။

ရခိုင်ပြည်၊ ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် မြို့ကိုဝင်ရောက်ကာ အရပ်သားများကို သတ်ဖြတ်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်တွင် ပေါက်တောမြို့မရဲစခန်းကို AA က သိမ်းပိုက်ခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ငွေကြေးတချိုနှင့် စစ်ဘက်၊ ရဲဘက်ဆိုင်ရာ စာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း AA က ဆိုသည်။

ပေါက်တောရဲစခန်းမှာ လက်နက်ချ အညံ့ခံသောသူများကို အသက်ချမ်းသာပေးပြီးနောက် တစ်ယောက်စီအား ခရီးစရိတ် (၁၀) သိန်းစီပေးကာ ၎င်းတို့သွားလိုရာသို့ လုံခြုံစွာပိုဆောင်ထားသည်ဟု AA က ပြောသည်။

စစ်ကောင်စီသည် ဟတ်စကီး (၁) စီးဖြင့် ပေါက်တောမြို့ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သင်္ဘောများပေါ်မှလည်း လက်နက်ကြီးများဖြင့် ပေါက်တောမြိုနှင့် နေရာအနှံအပြားသို ရမ်းသန်းပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ညနေပိုင်းတွင် စစ်ကောင်စီသည် အင်အားအလုံးအရင်းဖြင့် ပေါက်တောမြို့အတွင်းသို ဝင်ရောက်လာကာ ပုန်းခိုနေသည့် အရပ်သားများကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကိုကျူးလွန်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ သတ်ဖြတ်ခံရသည့် အရပ်သားအရေအတွက် အတိအကျကို AA က ဖော်ပြထားခြင်း မရှိပေ။ ပေါက်တောမြို့မှ အရပ်သားများ သတ်မှတ်ခံရမှုကို DMG က စုံစမ်းနေဆဲဖြစ်သည်။

ပေါက်တောမြို့မှ အရပ်သားပြည်သူများကို စစ်ကောင်စီမှ ပစ်သတ်ခဲ့မှုအပေါ် AA အနေဖြင့် ကျူးလွန်သူများကို လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ယမန်နေ့က ပေါက်တောမြို့ကို ဟတ်စကီးဖြင့် တိုက်ခိုက်မှုအပြီးတွင် မြို့ခံအများအပြားမှာ ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းသွားခဲ့ကြသည်။ သို့သော် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် မပြောင်းရွှေ့နိုင်သူများမှာ မြို့အတွင်း ပုန်းခိုနေထိုင်ခဲ့ကြရာမှ စစ်ကောင်စီ၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...