ရခိုင်မှာ တစ်ရက်အတွင်း စစ်ကောင်စီလက်အောက်ခံစခန်း ၄၀ ခန့် စခန်းစွန့်ခွာ

ရခိုင်မှာ တစ်ရက်အတွင်း စစ်ကောင်စီလက်အောက်ခံစခန်း ၄၀ ခန့် စခန်းစွန့်ခွာ
လက်နက်များနှင့်အတူ အညံ့ခံခဲ့ကြသော ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၂၂) ဦး။ ဓာတ်ပုံ - AA Info Desk
လက်နက်များနှင့်အတူ အညံ့ခံခဲ့ကြသော ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၂၂) ဦး။ ဓာတ်ပုံ - AA Info Desk

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားသည့် ပထမနေ့တစ်ရက်တည်းတွင် စစ်ကောင်စီလက်အောက်ခံများမှာ  နယ်ခြားစောင့်တပ်နှင့် ရဲစခန်း စုစုပေါင်း ၄၀ နီးပါးကို စွန့်လွှတ်ထားခဲ့ပြီး နီးစပ်ရာ စစ်ကောင်စီတပ်များသို့ သွားရောက်ပူးပေါင်းသွားကြောင်း ရက္ခိုင့်တပ်တော်(AA) က ယနေ့ထုတ်ပြန်သည်။

ယမန်နေ့က ရခိုင်ပြည်အတွင်း ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့နယ်ရှိ နေရာ (၅) ခု၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းအား ယင်းနေ့၌သိမ်းပိုက်ရရှိခဲ့ပြီး ချိန်ခါလိန် နယ်ခြားစောင့် တပ်စခန်းကို ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း AA က ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ရခိုင်ပြည်ဟာ AA ဘက်က စစ်ရေးအရ အသာစီးရထားတဲ့ နေရာဖြစ်တယ်။ ဆိုတော့ အချိန်တိုအတွင်းမှာ စစ်စခန်းအများစုကတော့ တိုက်ပွဲတွေမဖြစ်မီ စခန်းကို ဆုတ်ခွာသွားရေး၊ လက်နက်ချရေး၊ အဖမ်းခံရေး စတဲ့ နည်းမျိုးစုံနဲ့ အညံ့ခံကြတာဖြစ်တယ်။ ဒီထက်ပိုပြီးတော့လည်း အညံ့ခံတာတွေ ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၁၀) ဦးကျော်သေဆုံးကာ စစ်တွေအခြေစိုက် ခမရ (၃၄၄) တပ်ရင်းမှ ကြည်း-၄၁၅၉၇ ဗိုလ်မှူး သန့်ဇင်ထွန်း (ဒု-ရင်းမှူး)၊ ကြည်း-၅၀၇၃၂ ဗိုလ်ကြီး ဖြိုးဇေယျာလှိုင် (တပ်စုမှူး) တို့ အပါအဝင် စုစုပေါင်း (၁၀) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း AA က ထုတ်ပြန်သည်။

မောင်တောမြို့မြောက်ပိုင်း သင်္ဘောလှရွာအနီးတွင် စစ်ကောင်စီ၏ ခလရ (၂၃၂) တပ်ရင်းနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်လည်း တပ်သားတစ်ဦးအပါအဝင် စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒု-စစ်ကြောင်းမှူး ကျော်သက်နိုင် အပါအဝင် (၁၄) ဦးခန့် သေဆုံးကာ၊ ဒဏ်ရာရသူတချို့ရှိခဲ့သည်ဟု AA ထုတ်ပြန်ချက်က ဆိုသည်။

ယင်းအပြင် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာတွင်ရှိသော စစ်ကောင်စီလက်အောက်ခံ အပေါက်ဝရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်(၂၂) ဦးသည် ရက္ခိုင့်တပ်တော်(AA) ထံသို့ လက်နက်များနှင့်အတူ ‘လက်နက်ချအလင်းဝင်လာခဲ့ပြီး’ အခြားသောနေရာနှစ်ခုမှ ရဲတပ်သား(၆)ဦးတို့လည်း လက်နက်နှင့်တကွ အညံ့ခံလာခဲ့ကြောင်း ထုတ်ပြန်သည်။

ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်ဖွဲ့ဝင်များအနေဖြင့် အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမများနှင့် ကောင်းမွန်စွာ တွေ့ခွင့်ရလိုပါက နီးစပ်ရာ AA စခန်းများသို့ အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချအညံ့ခံကြရန် အသိပေးထားပြီး လက်နက်မချသူများအား ဆက်လက်တိုက်ခိုက်သွားမည်ဟု AA က သတိပေးထားသည်။

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...