မုန်တိုင်းအန္တရာယ် သတိထားရန် မောင်တောဒေသခံများကို မိုး/ဇ/လ အသိပေး

မုန်တိုင်းအန္တရာယ် သတိထားရန် မောင်တောဒေသခံများကို မိုး/ဇ/လ အသိပေး
အောက်တိုဘာ ၂၄ မွန်းလွဲ ၂ နာရီ မိုးလေဝသအခြေအနေပြပုံ
အောက်တိုဘာ ၂၄ မွန်းလွဲ ၂ နာရီ မိုးလေဝသအခြေအနေပြပုံ

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဟမွန်း (HAMOON) ရွေ့လျားနေသဖြင့် ရခိုင်ပြည်မြောက်ပိုင်း မောင်တောဒေသခံများမှာ သတိထားရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အသိပေးထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက “မုန်တိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းရဲ့ မြောက်ဘက်ကဖြတ်မယ်လို့ ခန့်မှန်းထားတယ်။ ဒါပေမယ့် မုန်တိုင်းရဲ့အဝိုင်းအဝန်းက ရခိုင် ပြည်နယ်မြောက်ပိုင်း မောင်တောအထိ မုန်တိုင်းရဲ့အရှိန်ကို သတိပြုရမယ်” ဟု DMG ကို ပြောသည်။

နောက်ထပ် ရခိုင်ပြည်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် ရသေ့တောင်၊ ဘူးသီးတောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်တို့တွင်လည်း မိုးရွာနိုင်ပြီး မုန်တိုင်းအရှိန်နှင့် လေပြင်းတိုက်ခတ်နိုင်ကြောင်း ၎င်းက ဆက် ပြောသည်။

“တောင်သူလယ်သမားတွေ အနေနဲ့ကတော့ မုန်တိုင်းအရှိန်ကြောင့် မိုးကို သတိထားရမှာပေါ့။ နောက်ပိုင်းရွာတဲ့ မုတ်သုန်မိုးတွေဆိုတော့ မုန်တိုင်းအရှိန်နဲ့ ရွာဖို့ရှိတယ်။ အထူးသဖြင့် ရခိုင်မြောက်ပိုင်းဒေသတွေမှာတော့ မိုးရွာ သွန်းမှု များနိုင်တယ်။ ဒါကြောင့် စိုက်ရေး၊ ပျိုးရေးအတွက်တော့ သတိထားဖို့လိုပါတယ်” ဟု ဦးလှထွန်းက ပြော သည်။

မိုး/ဇ/လ၏ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ အဆိုပါမုန်တိုင်းမှာ ရခိုင်ပြည်၊ သံတွဲ အနောက်မြောက် ဘက် ရေမိုင် ၂၉၀ ခန့်၊ စစ်တွေမြို့၏ အနောက်ဘက် ရေမိုင် ၁၉၀ ခန့်၊ မောင်တော၏အနောက်ဘက် ရေမိုင် ၁၇၀ ခန့်၊ အန္ဒိယနိုင်ငံ ပါရာဒစ်မြို့အရှေ့ဘက် ရေမိုင် ၁၆၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒီပူရာမြို့၏ အနောက် တောင်ဘက် ရေမိုင် (၁၂၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုရွေ့လျားနေကြောင်း ဆိုသည်။

ရသေ့တောင်မြို့နယ် ချိန်ခါလိန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက “စပါးတွေက အဖူးတွေထွက်လို့၊ ရင့် မှည့်တဲ့ဟာတွေလည်း ရှိတော့ မိုးကြီး၊ လေကြီးလို့ စပါးပင်တွေလဲသွားရင် လယ်သမားတွေမှာ နစ်နာမယ့် အခြေ အနေရှိတယ်။ စပါးအဖူးတွေ ထွက်နေတဲ့အချိန် လေပြင်းတိုက်ရင် စပါးပျက်တတ်တော့ စိုးရိမ်နေကြတယ်။ ဒါပေမယ့် ကံတရားပါပဲ” ဟု ပြောသည်။

ထို့အပြင် စစ်တွေမြို့မှ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး စသည့်မြို့နယ်များသို့ ထွက်ခွာနေသည့် ရွှေပြည်တန်အမြန်ရေယာဉ် ခရီးစဉ်များကိုလည်း အောက်တိုဘာလ ၂၅ ရက်နေ့ (ယနေ့) တွင် ယာယီရပ်နားထား မည် ဖြစ်ကာ ၂၆ ရက်နေ့တွင် အစားထိုး ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ရွှေပြည်တန် တာဝန်ရှိသူက ပြော သည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...