နိုဝင်ဘာလမှာ UNHCR စာရင်းဝင် ဒုက္ခသည်တွေ တတိယနိုင်ငံ ပြန်လည် လျှောက်ထားနိုင်တော့မည်

နိုဝင်ဘာလမှာ UNHCR စာရင်းဝင် ဒုက္ခသည်တွေ တတိယနိုင်ငံ ပြန်လည် လျှောက်ထားနိုင်တော့မည်

ထိုင်းနိုင်ငံနယ်စပ် ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) မှာ လာမယ့် နိုဝင်ဘာလအတွင်း UNHCR စာရင်းဝင်တဲ့ ဒုက္ခသည်တွေကို စိစစ်မှုတွေပြုလုပ်ကာ တတိယနိုင်ငံသွားရောက် အခြေချခွင့်ကို ပြန်လည် လျှောက်ထားနိုင် တော့မယ်လို့ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁)ရဲ့  အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနော်မူသော က ပြောပါတယ်။

“စခန်းထဲမှာရှိတဲ့ လူထုတွေကို ပြန်လည် စစ်ဆေးမယ်။ ၂၀၁၅မှာ URG ကဒ် တခုကို ကိုင်ဆောင်တဲ့သူတွေ၊ ပြီး တော့ ၂၀၁၉ မှာ URG စာရွက်စာတမ်းတွေ ရှိရင်တော့ အဲ့ဒီ ရှိတဲ့သူတွေကို အရင် ဦးစားပေးမယ်။ ဒီအကြောင်း အရင်းတွေက UNHCR ကနေ တိကျ ကြားသိရတာပေါ့နော်။ အဓိက ကတော့ ခုလောလောဆယ် ခေါ်တဲ့နိုင်ငံ တွေက US ပဲ ကြားသိရတာပေါ့နော်“ လို့ ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နော်မူသော က ပြောပါတယ်။

တတိယနိုင်ငံကို အခြေချနေထိုင်ခွင့် လျှောက်ထားနိုင်သူတွေထဲမှာ ၂၀၁၅ ခုနှစ်အတွင်း UNHCR မှာ စာရင်းဝင် ထားသူတွေနဲ့ သူတို့ရဲ့ သားသမီးတွေ၊ ၂၀၁၉ မှာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန (MOI) ရဲ့ စာရင်းဝင်သူတွေနဲ့ သူတို့ရဲ့သားသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်နီ ဒုက္ခသည် အမှတ် (၁) စခန်းမှာ နေထိုင်တဲ့ အသက် ၃၀ အရွယ်လူငယ်တဦးကတော့ ဒုက္ခသည်စခန်းမှာ ဝင်ငွေတစုံတရာမရှိပဲ နေထိုင်တာကြာပြီဖြစ်ပြီး တတိယနိုင်ငံသွားရောက်လိုကြောင်း ပြောပါတယ်။

“ဒီမှာနေရတာကြာပြီး ဘယ်နေရာမှထွက်ပေါက်လည်းမရှိဘူး  တတိယနိုင်ငံကိုပဲ သွားချင်တယ် အဲမှာသွားနေရင် ဝင်ငွေတွေပိုရမယ်ထင်တယ်ပေါ့နော်။ ပိုပြီးလည်း ဆင်ပြေမယ်ထင်တယ်။ ဒီမှာနေတာ ထောင်ကျသလိုပဲ အပြင် ထွက်သွားလည်း မရဘူး။ သွားရင်လည်း အဖမ်းခံရမှာ ကြောက်တယ်ပေါ့နော်” လို့ သူက ပြောပါတယ်။

ထိုင်း - ကရင်နီ နယ်စပ်မှာ ကရင်နီဒုက္ခသည်စခန်းနှစ်ခု ရှိပြီး လူဦးရေ တသောင်းကျော်ရှိပါတယ်။ ထိုင်း- မြန်မာ နယ်စပ် တလျောက်မှာတော့ ကရင်နီဒုက္ခသည်စခန်း နှစ်ခု အပါအဝင် ဒုက္ခသည်စခန်း စုစုပေါင်းကိုးခု ရှိနေတယ်လို့ ဆိုပါတယ်။

Most read this week

ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...
Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...
September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...