မြစ်ကြီးနားက လေတပ်စခန်းတိုက်ခိုက်ခံရ

မြစ်ကြီးနားက လေတပ်စခန်းတိုက်ခိုက်ခံရ
စက်တင်ဘာလ ၂၄ ရက်နေ့ လေတပ်စခန်းကို ပစ်ခတ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ
စက်တင်ဘာလ ၂၄ ရက်နေ့ လေတပ်စခန်းကို ပစ်ခတ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စစ်ကောင်စီရဲ့ လေတပ်စခန်းကို မြောက်ပိုင်းတိုင်း မဟာမိတ်တပ်ဖွဲ့က ရှော့ တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်းတိုင်းမဟာမိတ်တပ်ဖွဲ့ တာဝန်ရှိသူတွေက အတည်ပြု ပြောပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့ မနေ့က မနက်ပိုင်း ၈ နာရီလောက်မှာ ၉၀ မမ၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် F-7 အမျိုးအစား တိုက်လေယာဥ် ၂ စင်း ပျက်စီးမှုတွေရှိခဲ့ပါတယ်။

“F-7 နှစ်စီးလုံး ပြာကျသွားသလားတော့ အတိအကျမသိဘူး။ ဒါပေမဲ့ တော်တော် ထိခိုက်သွားတယ် ဆိုတာ တော့ အထက်လူကြီးတွေရော ကျနော်တို့အဖွဲ့ကော အတွင်းသတင်းလည်းရတော့ အတည်ပြုပါတယ်။ ဒီလေ ယာဥ်တွေက သင်မောင်းပုံစံတွေ၊ ကင်းလှည့်တဲ့နေရာတွေမှာ သုံးတယ်လို့ထင်တယ်။ ဟိုတုန်းကတော့ တိုက်လေ ယာဥ်တွေပေါ့ အခုတော့ ကင်းထောက်တဲ့ လေယာဥ်မျိုးပဲ“ လို့ မြောက်ပိုင်းတိုင်း မဟာမိတ်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

မြစ်ကြီးနား လေတပ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရမှုမှာ တိုက်လေယာဥ် ၂ စင်းအပြင် လေတပ်ဆက်သွယ်ရေး တာဝါတိုင်၊ တိုက်လေယာဥ် စက်ပြင်တဲ့ ဂိုဒေါင်နဲ့ လေတပ်အရာရှိတွေ နေတဲ့အဆောင်တွေပါ ပျက်စီးမှု တွေရှိ ခဲ့တယ်လို့ မြောက်ပိုင်းညီနောင်များအဖွဲ့ NBPDF ကလည်း သတင်း ထုတ်ပြန်ထားပါတယ်။

“ကျနော်တို့ လေတပ်ကို ပစ်ခတ်ဖို့ကြိုးစားနေတာ ၁ နှစ်ကျော်ပြီ ဒါကတော့ ဒုတိယအကြိမ်ပေါ့။ ပထမတုန်းက ကိုယ့်လူတွေ ထိခိုက်မှုလည်း ရှိနိုင်တော့ အရင်တစ်ခေါက်က အားလုံးဆင်ပြီးသားကို ဆုတ်လိုက်တာ။ ဒီတစ်ခါ တော့ တစ်ပတ်လောက်ကို ကြိုပြင်ပြီးလုပ်ခဲ့တာ” လို့ မြောက်ပိုင်းတိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ယောက်က ဆက်ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ရဲ့ လေတပ်စခန်းပစ်ခတ်တိုက်ခိုက်ခံရမှုအပြီးမှာတော့ မြစ်ကြီးနားမြိုရဲ့ မြို့အဝင် မြို့အထွက်နေရာတွေမှာ စစ်ဆေးတာတွေ ရှိသလို လေတပ်စခန်းရဲ့ အရှေ့ဘက် ဧရာဝတီမြစ်တစ်လျှောက်ကို လည်း မော်တော် ဘုတ်တွေနဲ့လှည့်လည်စစ်ဆေးတာတွေရှိခဲ့ပါတယ်။

လေတပ်စခန်း တိုက်ခိုက်ခ့ရတာနဲ့ ပတ်သက်ပြီး လေတပ်အနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ဒေသခံတွေကို မေးမြန်းကြည့်ရာမှာ လေတပ်စခန်း ပစ်ခတ်ခံရတာဟာ မှန်ကန်ပေမယ့် စစ်တပ်ဘက်က သတင်းမထွက်အောင် တိုတိုတိတ်တိတ် လုပ်ဆောင်နိုင်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြတဲ့အပြင် ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုလည်း KNG သတင်းဌာနအနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီရဲ့ လေတပ်စခန်းဟာ မြစ်ကြီးနားမြို့အဝင် မော်ဖောင်းရွာနား ဧရာဝတီမြစ်နဲ့ ကပ်လျှက်မှာရှိတဲ့ လေတပ်စခန်းဖြစ်ပါတယ်။

အဲ့ဒီလေတပ်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဧပြီလ ၁၇ ရက်နေ့ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် ခံခဲ့ရတာတွေ ရှိပေမယ့် ဒီတစ်ကြိမ် တိုက်ခိုက်ခံရတာဟာ ထိခိုက်ပျက်စီးမှု အဆိုးရွားဆုံးဖြစ်ပါတယ်။

ပုံစာ - စက်တင်ဘာလ ၂၄ ရက်နေ့ လေတပ်စခန်းကို ပစ်ခတ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...