ချောက် မြို့မရဲစခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ချောက် မြို့မရဲစခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်
ပုံအညွှန်း - ချောက်မြို့ မရဲစခန်း
ပုံအညွှန်း - ချောက်မြို့ မရဲစခန်း

မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ မြို့မရဲစခန်း လက်ပစ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chauk Guerrilla Force(C.G.F) အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

လက်ပစ်ဗုံးသည် စခန်းအတွင်းမှ ဘန်ကာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် စစ်ကောင်စီ တပ်သား များ ထိခိုက်မှုများရှိနိုင်ကြောင်း C.G.F အဖွဲ့တာဝန်ရှိသူက ဆိုသည်။

“လက်ပစ်ဗုံး တလုံးပစ်သွင်းခဲ့တာ။ ကျနော်တို့ကိုမြင်တော့ သူတို့ကလိုက်ပစ်တယ်။ ကျနော်တို့လည်း သုံး ချက် ပြန်ပစ်ခဲ့ပြီး ဆုတ်ခွာခဲ့ပါတယ်၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိပါဘူး” ဟု ၎င်းကပြောသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ချောက်မြို့မ ရဲစခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

ချောက်မြို့ရဲစခန်းတွင် ရဲနှင့်စစ်သား အင်အား ၃၀ ခန့်ရှိပြိး ဒေသခံများကို ဖမ်းဆီးငွေညှစ်ခြင်း၊ လူငယ်များ ကို ဖမ်းဆီးခြင်းများပြုလုပ်လေ့ရှိကြောင်း C.G.F မှ တာဝန်ရှိသူက ဆိုသည်။

“ကာကွယ်ရေးအဖွဲ့တွေနဲ့ အဆက်အသွယ်မရှိဘဲ ဆက်သွယ်တယ်ဆိုပြီးဖမ်း၊ စစ်လို့ဘာမှမဟုတ်တော့ ငွေ တောင်းပြီး ပြန်လွတ်တာတွေလုပ်တယ်”ဟု ပြောသည်။

ယင်းအပြင် မြို့မရဲစခန်းရှိ ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူပေးသည့်လစာကိုယူပြီး ပြည်သူ ကို ကာကွယ်ရမည့်အစား စစ်အာဏာရှင်အလိုကျဆောင်ရွက်နေခြင်းများရပ်တန့်ပြီး ပြည်သူနှင့်အမြန်ဆုံး ပူးပေါင်း ရန် C.G.F အဖွဲ့ တာဝန်ရှိသူက တိုက်တွန်းပြောဆိုသည်။

“ပြည်သူနဲ့မပူးပေါင်းသူမှန်သမျှကို ရတဲ့နည်းလမ်းနဲ့သုတ်သင်သွားမှာဖြစ်တဲ့အတွက် အမြန်ဆုံး ပြည်သူနဲ့ ပူး ပေါင်းကြဖို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခုတိုက်ခိုက်မှုကို Chauk Guerrilla Force (C.G.F)၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မကွေး ခရိုင် အမှတ်(၂)ပြည်သူ့ကာကွယ်ရေးတပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...