လားရှိုးဗုံးကွဲမှု အရပ်သား တစ်ဦး သေဆုံး

လားရှိုးဗုံးကွဲမှု အရပ်သား တစ်ဦး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သား ၁ ဦး ပွဲချင်းပြီး သေ ဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်ခန့်က လားရှိုးမြို့ ရပ်ကွက် ၂ နယူးအာရှ ဟိုတယ်အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု လားရှိုးမြို့ခံ အမျိုးသား တစ်ဦးက ပြောသည်။

လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက “ပေါက်ကွဲမှုဖြစ်တဲ့ဟာက ကျနော်ကြားသိရသလောက် ဗုံးကဆိုင်ကယ်ထဲမှာ ထည့်ထားတယ်ပြောတယ်။ ဆိုင်ကယ်နဲ့အတူပဲ ပေါက်ကွဲသွားတာ။ ထိတဲ့သူတွေက ပြည်သူတွေပါ လမ်းမှာသွား လာတဲ့သူတွေ” ဟု ပြောသည်။

ပွဲချင်းပြီးသေဆုံးသွားသူမှာ အသက် (၃၅) နှစ် ဝန်းကျင်ရှိပြီး ဒဏ်ရာရရှိထားသူများကို လားရှိုး ပြည်သူ့ဆေးရုံ တွင် ပို့ဆောင်ထားသည်ဟု အဆိုပါ လားရှိုးမြို့ခံ အမျိုးသားက ဆက်ပြောသည်။

“သေဆုံးသူနဲ့ ထိခိုက်တဲ့သူတွေ ဘယ်မှာဒဏ်ရာတွေရရှိသွားလဲဆိုတာ မသိရပါဘူး။ ဆေးရုံမှာ ပို့ထားတယ်ပဲ ကြားရတယ်။ လားရှိုးမြို့က အခုလိုမျိုး ပေါက်ကွဲမှုတွေဖြစ်တာ ရိုးနေပြီ စစ်တပ်တွေတောင် လမ်းမှာစစ်ဆေး တာ မတွေ့ရဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်က လားရှိုးမြို့က သိန်းထိုက်ရုပ်ရှင်ရုံရှိ ဆိုင်ကယ်ထား သည့် နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်အစီးရေ ၂၀ ဝန်းကျင် ထိမှန်ပျက်စီးခဲ့သည်။

ထို့အတူ သြဂုတ်လ ၆ ရက်နေ့၊ နံနက် ၁၁ နာရီခွဲချိန်တွင်လည်း ကျောက်မဲမြို့နယ် ရပ်ကွက် (၁) ရှိ အုပ်ချုပ်ရေးမှူး ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စည်ပင်အရာရှိ တစ်ဦးနှင့် လျှပ်စစ်အရာရှိ တစ်ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိ သွားခဲ့သည်။

ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းကလည်း လားရှိုး မြို့မစျေးရှိ ဇွဲထက်ရွှေဆိုင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဝန်းထမ်း ၁ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

June 29, 2026
ရခိုင်ပြည်အတွင်းမှ တိုက်ပွဲများ ဧရာဝတီတိုင်းဘက်သို့ နီးကပ်လာပြီး အာရက္ခတပ်တော် (AA) ၏ စစ်မျက်နှာ...
June 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း စစ်တပ်က စစ်အင်အားနှင့် စစ်ကြောင်းအမြောက်အမြား အသုံးပြုကာ...
June 26, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အနီး တိုက်...
June 25, 2026
တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် စစ်တပ်က...